Headlines News :
Home » » လက်ပန်းတောင်းတောင် လယ်တီဆရာတော်ဘုရားကြီးရဲ့သာသနိက အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုအခြေအနေ

လက်ပန်းတောင်းတောင် လယ်တီဆရာတော်ဘုရားကြီးရဲ့သာသနိက အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုအခြေအနေ

Written By လွင့်မောင်မောင် on Sunday, September 29, 2013 | 6:54 PM



 

 
လက်ပန်းတောင်းတောင် လယ်တီဆရာတော်ဘုရားကြီးရဲ့သာသနိက အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုမှ ဆားလင်းကြီးဒေသခံ ၅၅ ဦးဟာ မန္တလေး၊ အမရပူရမြို့နယ်မှ လက်ပန်းတောင်းတောင်စီမံကိန်းရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ စေတီတော်နဲ့ သိမ်တောင်ဆီကို ယနေ့ညနေပိုင်း ၃နာရီခန့်မှ စတင်ပြီးလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြပါတယ်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ ခွင့်ပြုချက်တင်မထားတာကြောင့် အမရပူရမြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ပေမယ့် ဆန္ဒထုတ်ဖော်သူတွေက လက်မခံဘဲ ဆန္ဒဆက်လက်ထုတ်ဖော်ချီတက်နေကြပါတယ်။
ဆန္ဒထုတ်ဖော်နေကြသူတွေကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ခန့်က လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြပါတယ်။

လက်ပန်တောင်းတောင်ဒေသမှာပုဒ် မ(၁၄၄)ထုတ်ခံထားရပြီးမကြာမည် ဖြိုဖျက်ခံရတော့မည့်လယ်တီသိမ်နှင့် စေတီတော်ထိန်းသိမ်းစောင့်ရှောက်ရေးချီတက်ဆန္ဒပြပွဲမန္တလေးမြို့မှသည် လက်ပန်တောင်းတောင်ခြေအထိစတင်ချီတက်ပြီ ၂၉-၉-၂၀၁၃

=========================================
လက်ပန်တောင်းတောင်ဒေသရှိ
ကြေးနီစီမံကိန်းကြောင့်မကြာခင်
ဖြိုဖျက်ခံရတော့မည့်လယ်တီဆရာတော်ဘုရားကြီး၏သိမ်နှင့်စေတီတော်
ထိန်းသိမ်းကာကွယ်ရေးအတွက်မန္တလေးမြို့မှချီတက်လာသောပြည်သူများ
စစ်ကိုင်းတံတားကိုဖြတ်ကျော်ပြီးစစ်ကိုင်းမြို့ကိုစဝင်ချိန်မှာရဲတပ်ဖွဲ့ဝင်များသံဆူးကြိုးဖြင့်

ကာရံလိုက်ပြီးဒုတ်တွေဖြင့်ဝင်ရိုက်နေပြီပြည်သူတွေကိုဆွဲရမ်းထိုးကြိပ်နေပြီ
မြင်းခြံမှကိုသန့်ဇင်နှင့်နှစ်ယောက်ဖမ်းသွားပြီ၊ယခုကိုသန့်ဇင်ပြန်လွတ်လာပြီပြည်သူတွေ

လက်ခြင်းချိပ်ပြီလမ်းပေါ်တွင်ထိုင်ချလိုက်ပြီလုံထိန်းများကားပေါ်ဆွဲတင်ရန်ကြိုးစားနေသည်
အချုပ်ကားများ၊လူနာတင်ကားများပါ
အသင့်ရှိနေသည်၊၊
ပြည်သူများမှစစ်ကိုင်းမြို့ကိုဝင်နိုင်ရန်
ဆက်လက်ကြိုးစားနေပြီးလုံထိန်းများမှနံပါတ်များဖြင့်ဝိုင်းရံထား၍လမ်းမပေါ်တွင်ထိုင်နေကြသည်၊၊
၂၉-၉-၂၀၁၃
ညနေ၅နာရီ၁၄မိနစ်

======================================= 
နောက်မိနစ်၂၀ခန့်ဆိုလျှင်ကောင်းမှုတော်ဘုရားကိုရောက်တော့မည်ရှေ့ပြေးအဖွဲ့များနားနိုင်
ရန်ကြိုတင်ပြင်ဆင်နေပါပြီစစ်ကိုင်းပြည်သူလူထုကြီးမှာတခဲနက်လိုက်ပါလာကြပြီးကူညီနေကြပါသည်၊
ယခုအချိန်ထိမန္တလေးမြို့မှချီတက်လာသောပြည်သူများတယောက်မှအဖမ်းမခံရသေးပါ၊
၊ဖမ်းဆီးခံရပါချီတက်ဆန္ဒပြပြည်သူများ
ရောက်သည့်နေရာတွင်တောင်းဆိုမည်ဖြစ်သည်၊၊
၂၉-၉-၂၀၁၃
ညနေ၅နာရီ၄၀မိနစ် 

သတင်းနှင့်ဓတ်ပုံ =KO Han Win Aung  (Facebook) 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template