Headlines News :
Home » » မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် သံသယရှိသူ ဗိုလ်ကြီးတစ်ဦးကို စစ်ဆေးမည်

မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် သံသယရှိသူ ဗိုလ်ကြီးတစ်ဦးကို စစ်ဆေးမည်

Written By လွင့်မောင်မောင် on Tuesday, December 10, 2013 | 8:42 PM

 
တပ်မတော် ဗိုလ်ကြီးတစ်ဦး မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် သံသယရှိ၍ အကျဉ်းစစ်တရားရုံးချုပ်တွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၂ ရက်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၌ အမျိုးသားနှစ်ဦး၏ ဘောင်းဘီအိတ်အတွင်း WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နေအိမ်ကို ဆက်လက်ရှာဖွေစစ်ဆေးရာ WY စာတန်းပါ မူးယစ်ဆေးပြား ၁၅၀၀ ကျော် ထပ်မံသိမ်းဆည်းရမိခဲ့၍ စမ်းချောင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

ဖမ်းဆီးစစ်ဆေးခံရသူတစ်ဦး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် ကြည်းတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပါဝင်ပတ်သက်မှုရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တပ်မတော်စည်းကမ်းအရ အရေးယူဆောင်ရွက်နိုင်ရန် အကျဉ်းစစ်တရားရုံးတွင် စစ်ဆေးသွားမည်ဟုဆိုသည်။

အဆိုပါအမှုအား အမြန်ပြီးပြတ်စေရန်အတွက် အနောက်ပိုင်းမူးယစ်အထူးတပ်ဖွဲ့နှင့် စမ်းချောင်းမြို့နယ်ရဲစခန်းမှ ရဲအရာရှိတို့က စစ်တရားရုံးသို့ သက်သေထွက်ဆိုပေးရန် ဒီဇင်ဘာလ ၉ရက်တွင် စေလွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
““သူတို့ပြောတာတော့ စစ်ဥပဒေနဲ့အရေးယူထားတယ်လို့ ကြားတယ်။ သေချာတော့ မသိရသေးဘူး။ ဟိုရောက်မှ သေချာသိရမယ်။ ဘယ်တော့ ရုံးတင်စစ်ဆေးမယ်ဆိုတာ မသိရသေးဘူး။ ဒီနေ့မှ စာထွက်လို့ သွားရမယ်ဆိုတာသိတာ””ဟု သက်သေထွက်ဆိုရန် သွားရောက်မည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဇွန်လက ကလေးနှင့် တမူးခရိုင်တို့ရှိ ရဲအရာရှိ ရှစ်ဦးကို မူးယစ်ဆေးဝါး သိုလှောင်ရောင်းဝယ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က စစ်ဆေးအရေးယူခဲ့သည်။

7day Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template