သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ရုံးခွဲဖွင့်ပွဲတွင်တွေ့ရသော ပါတီခေါင်းဆောင်များ |
တာချီလိတ်မြို့နယ် ကောင်းမွန်းရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက ပါတီရုံးခွဲဖွင့်လှစ်ရာ ဥက္ကဌ ခွန်ထွန်းဦး က စစ်မှန်သောပြည်ထောင်စုအကြောင်း၊ တန်းတူညီမျှ အကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်ဟုဖွင့်ပွဲတက် ရောက်သူ ဒေသခံတဦးက ပြောပါသည်။
“စဝ်ခွန်ထွန်းဦးက ကျားခေါင်းပါတီဟာ ကိုယ်ကျိုးအတွက် အလေးထားပြီး စီးပွါးရေးမလုပ်ဘူး။ ကိုယ်ကျိုးအတွက် ရှေ့တန်း မတင်ဘူး လို့ ပြောသွားတယ်” ဟု ဆိုပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ရုံးခွဲဖွင့်ပွဲတွင်တွေ့ရသော ပါတီခေါင်းဆောင်များ |
ကောင်းမွန်းရွာရုံးဖွင့်ပွဲအပြီး နေ့လည် ၁၁ နာရီတွင် တာလေအုပ်စု နားယောင်းရွာ၌ ရုံးခွဲ ထပ်မံဖွင့်လှစ်ပေးရာ ဒေသတွင်း တိုင်းရင်းသားမျာြး ဖစ်ကြသော အခါ၊ လားဟူများလည်း တက်ရောက်အားပေးကြသည်ဟု တာလေဒေသခံ စိုင်းမွန်း က ပြောသည်။
နားယောင်းရွာရုံး ဖွင့်ပွဲအပြီး ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းဖြတ်သို့ ဆက်လက် ခရီးထွက်ရာ ဒေသခံများက တိုးနယား ကိန္နရာ အကတို့ဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
“မိုင်းဖြတ်ရုံးဖွင့်ပွဲကို မွန်းလွဲ ၂ နာရီလောက်မှာ ပြုလုပ်တယ်။ ဥက္ကဌကြီးက ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း ဒေသခံလူထုကို ရှင်းပြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ က ပြည်ထောင်စု တိုင်းရင်းသား တွေကို အကျိုးမပြုဘူး။ သျှမ်းပြည် ကံကြမ္မာကို သျှမ်းပြည် သားတွေကဘဲ ဖန်တီးမယ်။ သျှမ်းပြည်အစိုးရဟာ သျှမ်းပြည်လူထုက ရွေးကောက်တင်မြောက်တဲ့လူဘဲ ဖြစ်ရမယ်။ စစ်တပ် က ရွေးချယ်အာဏာပေးတဲ့လူကို လက်မခံဘူး- စတာတွေကို မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်” ဟု ကျိုင်းတုံမြို့နယ် RCSS/SSA ရုံးထိုင် ဗိုလ်မှူးဆိုင်လီ က ပြောပါသည်။
မိုင်းဖြတ်တွင်ရုံးဖွင့်လှစ်ပြီးနောက် မိုင်းယောင်းသို့ ရုံးခွဲဖွင့်လှစ်ရန် ဆက်လက်ခရီးထွက်ခဲ့ကြောင်း သိရပါသည်။
သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်လှစ်ရန် SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် ၈ ရက်နေ့ မွန်းလွဲပိုင်းကတည်းက တာချီလိတ်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
သျှမ်းသံတော်ဆင့်