Headlines News :
Home » » ဆေးခြောက် ကို ဥရုဂွေး မှာ တရားဝင် သုံးစွဲ နိုင်ပြီ

ဆေးခြောက် ကို ဥရုဂွေး မှာ တရားဝင် သုံးစွဲ နိုင်ပြီ

Written By လွင့်မောင်မောင် on Wednesday, December 11, 2013 | 12:36 PM

 131210-uruguay-marijuana-hmed-812p.photoblog600
လှပျိုဖြူ တွေ ပေါပြီး ၊ နေချင် စဖွယ် ကောင်း တဲ့ တောင်အမေရိက တိုက် နိုင်ငံ ဖြစ် တဲ့
ဥရုဂွေး နိုင်ငံ ကာ မာရာဝါးနား လို့  ခေါ် တဲ့ ဆေးခြောက် ကို နိုင်ငံ တွင်း မှာ စိုက်ပျိုး
ထုတ်လုပ် နိုင်တယ် ၊ ရောင်းဝယ် ဖောက် ကား နိုင်တယ် ၊လွတ်လပ် စွာ
သုံးစွဲ နိုင်တယ် ဆို ပြီး လွှတ်တော် က အတည် ပြု လိုက် ပါတယ်။
လွန် ခဲ့ တဲ့ တစ် နှစ် လောက် ကတည်း က လွှတ်တော် မှာ တင် သွင်း ခဲ့ တဲ့ အဆို
ကို အောက်လွှတ်တော် က အတည် ပြု ပြီး ဖြစ် ပါတယ်။
တော်လှန်ရေး ပြောက်ကျား ရဲ ဘော် ဟောင်းကြီး ဖြစ်တဲ့
ဥရုဂွေး သမ္မတ ဟိုဆေး မူဂျီကာ က လည်း ဆေးခြောက် ကို နိုင်ငံ တွင်း မှာ တရား ၀င်
သုံးစွဲ တာ ကို ထောက်ခံ သူ ဖြစ် ပါတယ်။
ဆေးခြောက် ကို တရားဝင် သုံးစွဲ နိုင်ရေး အတွက် ထောက်ခံ သူ တွေ က ” ဆေးခြာက်
ကို တရား ၀င် သုံးစွဲ နိုင်ရင် မူးယစ် ဆေးဝါးမှောင်ခို ရောင်းဝယ် သူ တွေ ၊ မူးယစ်ဆေးမှု
နဲ့  ပတ်သက် တဲ့ ရာဇ၀တ် မှု တွေ ကျဆင် လာ နိုင်တယ်” လို့  ဆို ပါတယ်။
ကန့် ကွက် သူ တွေ က တော့ ရာဇ၀တ် မှု တွေ ပေါ လာ နိုင်တယ် လို့  ထောက် ပြ ပါတယ်။
ဥရုဂွေး ဟာ ကမ္ဘာ မှာ ဆေးခြောက် ကို တရား ၀င် ရောင်းဝယ် စိုက် ပျိုး ထုတ် လုပ်
လို့  ရတဲ့ ပထမ ဦးဆုံး နိုင်ငံ လည်း ဖြစ် ပါတယ်။
ဆေးခြောက် တရား ၀င် သုံးစွဲ နိုင် ခွင့် ကို လွှတ်တော် က အတည် ပြု ပြီး တဲ့ နောက်
ဥရုဂွေး ပြည်သူ တွေ က လမ်းပေါ် မှာ နဲ့  လွှတ်တော် ရှေ့ မှာ ကခုန် ဂုဏ် ပြု ခဲ့ ကြ ပါတယ်။
ဆေးခြောက် တရားဝင် ဖြစ် ရေး ဆော် သြလှုံ့ ဆော် ခဲ့ တဲ့ လွှတ်တော် အမတ် က လက်တင်
အမေရိက နိုင်ငံ တွေ ဥရုဂွေး ကို အတုယူ ကြ ဖို့  တိုက်တွန်း ပါတယ်။
 FNG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template