Headlines News :
Home » » သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြနေခြင်းကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် စာနယ်ဇင်း ကောင်စီသို့ ပြန်ကြားရေး ၀န်ကြီးဌာန အကြောင်းကြားစာပေးပို့

သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြနေခြင်းကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် စာနယ်ဇင်း ကောင်စီသို့ ပြန်ကြားရေး ၀န်ကြီးဌာန အကြောင်းကြားစာပေးပို့

Written By လွင့်မောင်မောင် on Friday, December 13, 2013 | 10:03 AM


သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြ နေမှုများကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင်လည်း ဖော်ပြထားကြောင်း သိရသည်။
သူရိယနေ၀န်း ဂျာနယ်သည် ခုနစ်စောင် ထွက်ရှိပြီးရာ၌ အဆိုပါ ထွက်ပြီးသမျှ အားလုံးတွင် ပါရှိသည့် အရေးအသားများမှာ သတင်းဂျာနယ် တစ်စောင်၏ အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိဘဲ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများနှင့် လက်ရှိ အစိုးရအား ထိခိုက်စေသည့် ရေးသားဖော်ပြ ချက်များကို တွေ့ရှိရကြောင်း၊ အဆိုပါ ဂျာနယ်တွင် ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ စာပေလောက သားများကလည်း ဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်များနှင့် မညီကြောင်း၊ အ၀ါရောင်စာပေ ဖြစ်ကြောင်း၊ အမုန်းစကားများ ဖြစ်ကြောင်းကို ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသား ပြောဆိုလာကြသည်ကို တွေ့ရှိရကြောင်း၊ မော်နီတာဂျာနယ်နှင့် အင်တာဗျူးတွင်လည်း သူရိယနေ၀န်းဂျာနယ် စီအီးအို ဦးမိုးဟိန်း ကိုယ်တိုင် ရေးသားမှုများသည် စာနယ်ဇင်း ကျင့်ဝတ်ကို ဘေးဖယ်ထားသည်ဟု ၀န်ခံပြောကြားခဲ့ကြောင်း စသည်ဖြင့် ပြန်ကြားရေး ၀န်ကြီးဌာန၏ ပေးပို့စာတွင် ဖော်ပြထားသည်။
ယင်းအကြောင်းကြားစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို ဆက်သွယ်မေးမြန်းရာ စာနယ်ဇင်းကောင်စီ အနေဖြင့်မူ မည်သည့်စောဒက တက်မှုမျိုးမဆို အတက်ခံရသည့် ကာယကံရှင် နှစ်ဖက်ကို ညှိနှိုင်းပေးသည့် အလုပ်ကိုလုပ်ကြောင်း၊ ညှိနှိုင်းပေးခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ကြောင်း၊ စောဒကတက်မှုတိုင်းကိုမူ ကာယကံရှင်ကို အကြောင်းမကြားကြောင်း၊ အစည်းအဝေးလုပ်ပြီး အကြောင်းကြားသင့် မကြားသင့် ဆုံးဖြတ်ပြီးမှသာ ဆုံးဖြတ်ကြောင်း၊ စာနယ်ဇင်း ကောင်စီ (ယာယီ) အနေဖြင့် စာနယ်ဇင်း ကျင့်ဝတ်အတွက် ထုတ်ပြန်ထားသည့် အချက် ၁၅ ချက် ရှိသော်လည်း အတိအကျ လိုက်နာရမည်ဟု ဆိုလိုခြင်းမရှိဘဲ မီဒီယာများ၏ ဆုံးဖြတ်မှုနှင့်သာ သက်ဆိုင်ကြောင်း စသည်ဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
''ကျင့်ဝတ်ဆိုတာကတော့ မဖြစ်မနေ လိုက်နာရမယ့်ဟာမျိုး မဟုတ်ဘူးဗျ။ ကာယကံရှင်တွေရဲ့ သက်ဆိုင်ရာ မီဒီယာတွေရဲ့ ခံယူချက်၊ ရပ်တည်ချက်၊ သဘောထား၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်းတွေပေါ် မူတည်ပြီးတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ရတဲ့ကိစ္စပဲ။ ကျင့်ဝတ်ကို မဖြစ်မနေ လိုက်နာရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီလိုကိစ္စမျိုးမှာ ဖိအားသွားပေးလို့ မရဘူး။ ကျွန်တော်တို့ကလည်း ဖိအားပေးလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီလိုဖြစ်ရင် ဒီလိုတော့ လာပါတယ်။ ခင်ဗျားတို့ ထိန်းထိန်းသိမ်းသိမ်းလေး ရေးပါသားပါ ဒီလောက်ပဲ မေတ္တာရပ်ခံ လို့ရတယ်။ ကြားဝင်ညှိနှိုင်းမယ်။ ပြီးရင် ကျင့်ဝတ်နဲ့ မညီဘူးလို့ တက်လာတဲ့ ကောင်စီဝင် အားလုံးက ဆုံးဖြတ်ရင် ဒါလေးကျင့်ဝတ်နဲ့ မညီတဲ့ သဘောမျိုးလေး တွေ့ရတယ်။ ဒါကြောင့် တတ်နိုင်သရွေ့တော့ ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပြီးတော့ သတိထားတင်ပြဖို့ မေတ္တာရပ်ခံပါတယ် ဆိုတာမျိုး တိုက်တွန်းတာ၊ မေတ္တာရပ်ခံတာ၊ အကြံပေးတာ ဒါပဲလုပ်ပါတယ်'' ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။
အဆိုပါ အကြောင်းကြားစာအပေါ် သူရိယနေ၀န်း ဂျာနယ်ဘက်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသို့ ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ပါက ၎င်းကိုယ်တိုင် သွားရောက် တွေ့ဆုံသွားမည်ဖြစ်ပြီး မည်သျှိုမျှ ပြောစရာ မရှိသေးကြောင်း သူရိယနေ၀န်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးက ပြောကြားသည်။
သူရိယနေ၀န်း ဂျာနယ်သည် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းသွားပြီးနောက် ချက်ချင်းပြန်လည် ထုတ်ဝေခွင့် ရရှိခဲ့သည့် ဂျာနယ်တစ်စောင် ဖြစ်သည်။ သူရိယအလင်း ဂျာနယ်ပါ ရေးသားဖော်ပြ မှုများကိုလည်း စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှု မရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က ထုတ်ပြန်ထားသည်။
Ekeven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template