Headlines News :
Home » » မန်ဒဲလားအောင့်မေ့ဖွယ်အခမ်းအနား ကမ္ဘာခေါင်းဆောင် ၈၀ ကျော် တက်မည်

မန်ဒဲလားအောင့်မေ့ဖွယ်အခမ်းအနား ကမ္ဘာခေါင်းဆောင် ၈၀ ကျော် တက်မည်

Written By လွင့်မောင်မောင် on Tuesday, December 10, 2013 | 8:32 AM

အသက် ၉၅ နှစ်အရွယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှု ခေါင်းဆောင် နယ်ဆင် မန်ဒဲလားအတွက် အင်္ဂါနေ့ အောင့်မေ့ဖွယ်အခမ်းအနားကို တတ်ရောက်ဖို့ ကမ္ဘာအ၀ှမ်းက ခေါင်းဆောင်တွေ တောင်အာဖရိကနိုင်ငံကို သွားရောက်နေကြပါပြီ။

အမေရိကန်သမတ ဘရက်ခ်အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမား
တို့ဟာ တနင်းလာနေ့က မနက်ပိုင်းက ၀ါရှင်တန်ဒီစီကနေ ထွက်ခွာသွားကြပါပြီ။ သူနဲ့အတူ သမတဟောင်း ဂျော့ ဒဗလျူဘွတ်ရှ်နဲ့ ဇနီးသည် လော်ရာတို့လည်း အတူ ပါဝင်ခဲ့ကြပါတယ်။ သမတဟောင်း Bill Clinton နဲ့ Jimmer Carter တို့ဟာလည်း တောင်အာဖရိကနိုင်ငံ Johannesburg မြို့ကို သီးခြားထွက်ခွာသွားကြပါပြီ။ မစ္စတာ မန်ဒဲလားရဲ့ ဈာပနအခမ်းအနားကိုတော့ ၂၀၁၀ ခှုနစ် ကမ္ဘာဖလားဘောလုံးပွဲ ကျင်းပတဲ့နေရာဖြစ်တဲ့ Johannesburg က ဘောလုံးအားကစားရုံအတွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မစ္စတာမန်ဒဲလားကို ဂုဏ်ပြုဖို့ ကမ္ဘာအ၀ှမ်းမှာရှိတဲ့ နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဆင့်မြင့် တာဝန်ရှိသူတွေ၊ တော်ဝင်မိသားစုဝင်တွေ စုစုပေါင်း ကမ္ဘာခေါင်းဆောင် ၈၀ ကျော် တတ်ရောက်ဖွယ်ရှိတယ်လို့ တောင်အာဖရိက ကြေညာပါတယ်။

မစ္စတာမန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားရေးဆန့်ကျင်လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာကြောင့် ထောင်ထဲမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ သူထောင်ကထွက်လာပြီးတဲ့နောက် သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမဲ သမတဖြစ်လာခဲ့တာပါ။

အခု သူ့ဈာပနအခမ်းအနားကို နိုင်ငံတကာကခေါင်းဆောင်တွေ တတ်ရောက်မှာမို့ လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားပါတယ်။ လူပေါင်း ရှစ်သောင်းလောက် တတ်ရောက်မယ်လို့ မျှော်မှန်းထားတဲ့ အဲဒီ အောင့်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်သမတအိုဘားမားလည်း မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာမန်ဒဲလားရဲ့ဈာပနကို တတ်ရောက်ဖို့ စီစဉ်ထားသူတွေအထဲမှာတော့ ဗြိတိန် ၀န်ကြီးချုပ် David Cameron ပြင်သစ်သမတ Francois Hollande ဘရားဇီးသမတ Dilma Roussef ကျူးဘား သမတ Raul Castro နဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့လည်း ပါဝင်ကြပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template