
ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသား လူငယ်တွေ များလာတဲ့အတွက် အခုအခါမှာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေမှာ လူငယ်တွေ မရှိသလောက် နည်းပါးနေပါတယ်။ ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။