Headlines News :
Home » » ဖောင်ကြီး သင်တန်း လုံးဝ ဖျက်သိမ်းသင့်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာတချို့ဝေဖန်

ဖောင်ကြီး သင်တန်း လုံးဝ ဖျက်သိမ်းသင့်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာတချို့ဝေဖန်

Written By လွင့်မောင်မောင် on Wednesday, December 11, 2013 | 10:43 PM

 
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။
 နှစ်ပေါင်း ၅ဝခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်အာဏာရှင်များ၏ မူဝါဒများကို ရိုက်သွင်းပေးသော ဗဟိုဝန် ထမ်းတက္ကသိုလ် (ဖောင်ကြီးသင် တန်း)အား လုံးဝဖျက်သိမ်းသင့် နေပြီဟု ပညာရေးအသိုင်းအဝိုင်း မှ ဆရာတချို့က ဝေဖန်ပြော ကြားလိုက်သည်။

လက်ရှိဗဟိုဝန်ထမ်းတက္က သိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ညီ ညွတ်မှုမရှိတော့သဖြင့် ပြုပြင် ပြောင်းလဲရန် စီစဉ်လျက် ရှိသော် လည်း ယင်းတက္ကသိုလ်ကို တက် ရောက်ဖူးသည့် ပညာရေးဝန်ကြီး ဌာနမှဆရာများကမူ ယင်းသို့ပြန် လည်ပြုပြင်မည့်အစား လုံးဝဖျက် သိမ်းသင့်ကြောင်း၊ ယင်းတက္ကသိုလ် မှာ နိုင်ငံတော်၏ဘဏ္ဍာငွေများ အလဟဿဖြစ်နေသည့်နေရာ ဖြစ်ကြောင်း သိရသည်။

''ဒီသင်တန်းက သူတို့ ကောင်းကြောင်းတွေပဲ ပြောတဲ့ နေရာပါ။ ဆရာ တက်တုန်းက တော့ စိတ်မဝင်စားလို့ သင်နေရင် အပြင်ပဲထွက်နေတာ။ သင်ရိုးတွေ ပြန်ပြောင်းမယ်ဆိုရင်လဲ နောင် တက်လာမယ့်အ စိုးရတွေ ကောင်း ကြောင်းတွေ ပဲပါနေဦးမှာ။ တကယ် တမ်းက အဲ့ဒီလို သင်တန်းတွေအ စား ဆရာတွေအတွက် လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးတည့်တဲ့သင် တန်းတွေစီစဉ်ပေးရင် ပိုကောင်း ပါတယ်။ အဲ့ဒီသင်တန်းတက်ရင် တစ်လဆိုရင် အနည်းဆုံး ငွေတစ် သိန်းကတော့ ကုန်ပြီးသားပဲ။ အဲ့ ဒီနေရာက ဝန်ထမ်းအကျိုးဖြစ် ထွန်းတာထက် နိုင်ငံ့ဘဏ္ဍာဆုံး ရှုံးတဲ့နေရာဖြစ်နေတယ်''ဟု အ ရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာန မှ ဆရာတစ်ဦးက ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ ကို ပြုပြင် ပြောင်းလဲမည် ဆိုပါက လက်ရှိ ယင်းတက္ကသိုလ်တွင် သင်ကြားပေး နေသည့်သူများ၏ ဆန္ဒသဘော ထားများကိုပါ အကြံဉာဏ်ရယူ သင့်ကြောင်း၊ တက်ရောက် ရမည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ၏ သင်ယူလိုသည့် အကြောင်း အရာများကို ထည့်သွင်းပေးစေ ချင်ကြောင်း တက္ကသိုလ်ဆရာ တချို့က ဆိုသည်။

ဒဂုံတက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ လက်ထောက်ကထိက တစ်ဦးက ''ပြင်မယ်ဆိုရင် တကယ် လုပ်နေတဲ့သူတွေ မေးဖို့လိုတယ်။ ကျွန်တော် တို့နိုင်ငံ မှာ ဖြစ်နေတာ က အစိုးရဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း ကိုရောထား တာပဲ။ ကျောင်းဆရာ နဲ့ ဆရာဝန်ဆိုတာက အစိုးရဝန် ထမ်းမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းပါ။ ပြည်သူစာမတတ်ရင် ကျွန်တော် တို့ တာဝန်၊ ပြည်သူ မကျန်းမာ ရင် ဆရာဝန်တာဝန်ပဲ။ ဘယ်သူ တွေရဲ့ ဩဇာလွှမ်းမိုးမှုမှမခံစေ ရဘူး။ ဒီအတွက် ဖောင်ကြီးသင် တန်းဆိုတာမျိုးလဲ မလိုအပ် ဘူး။ ပြည် သူတွေ အတွက် ကောင်းကျိုး ဖြစ်အောင်လုပ်ပေးဖို့ ဝန်ထမ်း စွမ်းဆောင် ရည် မြှင့်တင်ပေးတဲ့ သင်တန်းမျိုးတွေပဲ လိုအပ်တယ်။ အခုက ဖောင်ကြီး မတက်ရင် ဝန် ထမ်းမဖြစ်ဘူးဆိုတဲ့ သတ်မှတ်ချက် ကြီးကရှိနေတယ်။ မတက်ချင်လဲ တက်ကြရတာပဲ''ဟုပြောသည်။

အောင်သက်ကို - Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template