
၂၀၁၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အကြိုလှုံ့ဆော်မှုအဖြစ်ရွေ့လျားဖျော်ဖြေမှုအစီအစဉ်အရနိုင်ငံကျော်အနုပညာရှင်များ
ဖြစ်ကြသည့် အရိုင်း၊ စိန်သီး၊ပန်းသီး၊ဇီးသီးနှင့်ဘန်နီဖြိုးတို့ပါဝင်သည့်
ဖျော်ဖြေရေးအဖွဲ့သည်ယနေ့ညနေ၅နာရီခွဲအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ထား
ဝယ်မြို့ရှိရွှေဝယ်သီရိအားကစားရင်ပြင်၌ဖျော်ဖြေကာပြည်လုံးကျွတ်သန်းခေါင်စာရင်း
ကောက်ယူခြင်းဆိုင်ရာအချက်အလက်များကို မျှဝေပေးခဲ့သည်။
သန်းခေါင်စာရင်းဟုလူအများသိကြသည့်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို
လာမည့်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)