Headlines News :
Home » » မြန်မာအတွက် ဗြိတိန် အကူအညီ သန်း ၁၀၀ တိုးမယ်

မြန်မာအတွက် ဗြိတိန် အကူအညီ သန်း ၁၀၀ တိုးမယ်

Written By လွင့်မောင်မောင် on Thursday, March 13, 2014 | 10:11 PM


မြန်မာအစိုးရရဲ့ စကားကို ယုံလွယ်တယ်လို့ အချို့က ဝေဖန်

ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ် ပေးနေတဲ့ ပေါင်စတာလင် သန်း ၆၀ အကူအညီကို သန်း ၁၀၀ အထိ တိုးပေးဖို့ ဗြိတိန် ပါလီမန် နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး ကော်မတီက ထောက်ခံ တင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် အခုလို ပါလီမန် ကော်မတီက အကူအညီ တိုးပေးဖို့ ထောက်ခံ လိုက်တဲ့အတွက် မြန်မာ အစိုးရရဲ့ ပြောစကားကို ယုံလွယ်တဲ့ ပုံမျိုး ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

ပါလီမန် ကော်မတီကတော့ အခုလို အကူအညီ တိုးပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂ ကလည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ၂၀၁၃ ခုနှစ်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
BBC
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template