အုံတုံပင်ကျေးရွာက တောင်သူများ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြနေကြစဉ် |
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် စုံကြင်းအုပ်စု အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ ကျော်က မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။
အုံတုံပင်ကျေးရွာက ဒေသခံတောင်သူတွေဟာ အုံတုံပင် ဘုန်းကြီးကျောင်းမုဒ်ဝကနေပြီး ပုသိမ်-မုံရွာ ကားလမ်းခွဲအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပြီး တောင်သူတွေမြေယာပေါ်မှာ အောင်ဇေယျမြို့သစ် အမှတ် ၅ နဲ့ ၆ ဖော်ဆောင်မှုကို သဘောမတူတာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
အုံတုံပင်ကျေးရွာက လယ်မြေဧက ၇၀ ကို ၂၀၁၁ ခုနှစ်က သိမ်းယူပြီး ဒီနှစ်ကုန်ခါနီးမှာ မြေကွက် ၆၈၈ ကွက် ရိုက်ကာ တောင်သူတွေကို ၁ ဧက မြေ ၂ ကွက်နှုန်းနဲ့ ပြန်ပေးမယ်လို့ ပြောတဲ့အတွက် လယ်ပိုင်ရှင်တွေက မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့ကလည်း ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။
By ဒီဗွီဘီ