Headlines News :
Home » » ကျွန်တော်များ ၀န်ကြီးချုပ်ဖြစ်ခဲ့ရင် (ဇော်သူရ)

ကျွန်တော်များ ၀န်ကြီးချုပ်ဖြစ်ခဲ့ရင် (ဇော်သူရ)

Written By လွင့်မောင်မောင် on Monday, March 10, 2014 | 8:15 AM



     ၂၀၁၅ခု ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ကျွန်တော် တိုင်းဒေသကြီးကိုယ်စား လှယ်အရွေးခံရပါတယ် ။ ပါတီကြီးတွေရဲ့ယှဉ်ပြိုင်မှုကြားမှာ သူ့လူကိုယ့်လူရွေးရင်း ကျွန်တော် ၀န်ကြီးချုပ် ဖြစ်လာတယ်...
၁။ ၀န်ကြီးချုပ်အဖြစ်ကျမ်းကျိန်ရပါတယ် ။ ကျမ်းကျိန်ပြီးတာနဲ့ မီဒီယာတွေကို ဘယ်လိုစကားလုံးတွေဆိုတာ ရေးသားဖော်ပြဖို့ပေးလိုက်တယ်...ပြီးတော့ ကျွန်တော်ပိုင်ဆိုင်မှုကိုလည်း မီဒီယာကနေ ကြေငြာပါတယ် ။
၂။ ကျွန်တော့်ဝန်ကြီးအဖွဲ့တွေကို လူမှန်နေရာမှန်ဖြစ်ဖို့ရွေးချယ်ပါတယ် ။
    ဆရာဝန်က လမ်းခင်းတာမျိုးမဖြစ်ဖို့.. တရားသူကြီးချုပ်...ရှေ့နေချုပ်...စာရင်းစစ်ချုပ်တွေကို ပြည်သူဆန္ဒနဲ့ရွေးချယ်ပါတယ်...ဒီလိုမရွေးချယ်မီ လူမှုအခြေပြုအဖွဲ့တွေနဲ့တွေ့ဆုံ အကြံတောင်းပါတယ်...
၃။ လူမှုအခြေပြုအဖွဲ့တွေရဲ့တောင်းဆိုချက်အရ ခန့်သင့်သူတွေခန့်ပြီးချိန်မှာဘဲ မခန့်သင့်သူတွေကို စစ်ဆေးအရေးယူပြီးဖြုတ်ပါတယ်...
၎။ လွှတ်တော်ကို ဆောင်ရွက်ခဲ့သမျှ အသိပေးတယ်... လွှတ်တော်ရဲ့အကောင်အထည်ဖော်မှုတွေကို ပြည်သူသိအောင် ဖော်ဆောင်ပေးတယ်။
၅။ မြို့လည်မှာရှိတဲ့ တပ်မတော်ကျောက်တိုင်ရှေ့မှာ ပြည်သူဟစ်တိုင်လုပ်ပေးတယ်...မည်သူမဆို လွတ်လပ်စွာ ပြောဆို နားထောင်ခွင့်ပေးတယ်... ဒီတောင်းဆိုမှုတွေကို တရားဝင်တင်ပြနိုင်ဖို့ သတင်းတပ်ဖွဲ့တွေကို တာဝန်ပေး တယ်...
၆။ အစိုးရဘတ်ချက်တိုးရအောင်လုပ်တယ်... အခွန်စည်းကြပ်တယ်... ပညာရေးကျန်းမာရေး၊ အခြေခံအဆောက်အဦးတွေဖြည့်ဆည်းတယ်... ဗဟိုအစိုးရကမပေးရင် ကမ္ဘာဘဏ်တို့... အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပသမဂ္ဂတို့လို အကူအညီပေးတဲ့လူတွေကို ဆက်သွယ်ဆောင်ရွက်တယ်...
၇။ ကပ်ဖါးရပ်ဖါးတွေမပါဘဲ အကြံပေးအဖွဲ့ဖွဲ့တယ်... ပြည်သူချစ်သူတွေပါတယ်... ပညာရှင်တွေပါတယ်... အနစ်နာခံတွေပါတယ်... သတင်းတပ်ဖွဲ့တွေကို ပြည်သူတွေသာမက အစိုးရ၀န်ထမ်းတွေကိုပါ စောင့်ကြည့်ခိုင်းတယ်...
၈။ ဗဟိုအစိုးရက ခွင့်ပြုနိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရပ်ထားဖို့တင်ပြတယ်... ခွင့်ပြုပြီးသားစီမံကိန်းတွေကို ပြန်စီစစ်တယ်... မဟုတ်မတရားရယူထားရင် တရားစွဲပြန်သိမ်းတယ်...
၉။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်တယ်...
၁၀။ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပိုက်ဆံချေးရုံမဟုတ်ဘူး... နည်းပညာ...စက်ပစ္စည်း...ဒေသခံပြည်သူ တွေရဲ့ လိုအပ်ချက်ကို ဆွေနွေးတိုင်ပင်ပြီး ထောက်ပံ့ပေးတယ်...
၁၁။ အဆင့်မြင့်ပညာရပ်တွေသင်ကြားတဲ့ကျောင်းတွေရှိ ဆရာ/မတွေ၊ ကျောင်းသူကျောင်းသားတွေကို အသုံးချသုတေသနတွေလုပ်နိုင်ဖို့ထောက်ပံ့တယ်။ နိုင်ငံခြားပညာတော်သင် တစ်နှစ် ရာချီပြီးလွှတ်တယ်... အခြေခံပညာရေးမှာလည်း ဒီအတိုင်းလုပ်တယ်... ဆရာ/မ၊ အဆောက်အဦးပြည့်စုံအောင်လုပ်တယ်... ဘုန်းတော်ကြီးကျောင်းစတဲ့ မိဘမဲ့ကလေးတွေကိုလည်း ပညာသင်ကြားရေးလုပ်တယ်...
၁၂။ ပြည်သူ့ဆေးရုံဆိုတဲ့အတိုင်း ပြည်သူတွေအတွက် ဖြစ်အောင်လုပ်ပေးတယ်... လိုအပ်တဲ့ဆေးဝါး၊ ပစ္စည်း၊ ဆရာဝန်/မ ဖြည့်ဆည်းပေးတယ်...
၁၃။ လမ်းတံတားအဆောက်အဦး၊ ဆက်သွယ်ရေး။ရေမီးပြည့်စုံအောင်ဖြည့်ဆည်းပေးမယ်... ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ပြည်သူလူထုကို ပါဝင်စောင့်ကြည့်စေမယ်... ဘတ်ချက်ကြေငြာပေးမယ်... စာရင်းစစ်သာမက ပြည်သူတွေကို စိတ်ကြိုက်စစ်နိုင်အောင်လုပ်ပေးမယ်... လမ်းဆိုရင်လွန်နဲ့ထိုးစစ်စေမယ်...
၁၄။ စီမံကိန်းတွေအတွက် အထုပ်ကြီးအထုပ်ငယ်နဲ့လာတဲ့သူကိုရော...ယူတဲ့သူကိုရော တရားစွဲမယ်...
၁၅။တိုင်းဒေသကြီးအတွင်း အခွန်စနစ်တကျကောက်မယ်... ပိုင်ဆိုင်မှုတွေကို ကြေငြာမယ်... အခွန်ပေးတယ်... မပေးဘူးကြေငြာမယ်...
၁၆။ အမျိုးဘာသာသနာကို တိုးတက်အောင်လုပ်မယ်... ယဉ်ကျေးမှုဖော်ထုတ်ရေးအတွက်ထောက်ပံ့မယ်...
၁၇။ ရေရှည်တည်တံ့ဖွံ့ဖြိုးတဲ့ အစိမ်းရောင်စီးပွါးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်တယ်...ဒေသခံ ပြည်သူလူထုရဲ့ အခြေခံလုပ်ကိုင်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို နည်းပညာ၊ဈေးကွက်၊ စက်ပစ္စည်းစတဲ့ လိုအပ်နေတဲ့အရာတွေကို ထောက်ပံ့တယ်...
၁၈။ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်တယ်။ ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှု၊ တာဝန်ယူမှုတို့ကို ဖော်ဆောင်တယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လို ပြည်သူလူထု၊မီဒီယာတွေနဲ့ လွတ်လပ်စွာဆွေးနွေး မေးမြန်းခွင့်ကို ၂လတစ်ကြိမ်/ ၃လတစ်ကြိမ်လုပ်တယ်... စာအုပ်ထုတ်ပြီးဝေတယ်...
၁၉။ အစည်းအဝေးကို လိုမှလုပ်တယ်... ကိုယ့်တာဝန်ကိုယ်ယူဘဲ... ပြည်သူကမလိုပါဘူးလို့ဆိုလာရင် ကျွန်တော်ကိုယ်တိုင်နုတ်ထွက်မယ်... အဲယားကွန်းပိတ်ပြီးနေတယ်...
၂၀။ ကျွန်တော်ခရီးသွားရင်... ပြန်ရင်... ဘယ်သူမှလာမကြိုနဲ့... ကိုယ်အလုပ်ကိုယ်လုပ်နေကြ... ဂေါက်မရိုက်ဘူး... ကိုယ့်အလှူကလွဲလို့ ရေစက်မချဘူး... မြို့ထဲမှာ လုံခြုံရေးကားမလိုက်နဲ့... မီးနီရင်ကားရပ် တယ်... မိဘပြည်သူ ကျောင်းသားကျောင်းသူတွေ လမ်းကူးရင် ရပ်ပေးတယ်...
၂၁။ စနေ၊တနင်္ဂနွေမှာ အများနဲ့သက်ဆိုင်တဲ့ ကျောင်း၊ဆေးရုံ၊ အားကစားကွင်း၊ လဘက်ရည်ဆိုင်တွေမှာ ပြည်သူတွေနဲ့ အတူနေတယ်...
၂၂။ ပြည်သူတွေနှစ်နာဆုံးရှုံးသမျှ နောက်ကြောင်းပြန်တရားစွဲဖြေရှင်းပေးလို့ အမိန့်ထုတ်နေတုန်း
    ဖြတ်ခနဲ လန့်နိုးပါတယ်။

ခေါင်မိုးကမလုံတော့ မိုးရေတွေရွဲရွဲဆိုပြီး ခိုက်ခိုက်တုန်ချမ်းနေပါပြီ။

ကြမ်းပြင်ကလည်း ပေါက်ပြဲနေပါတယ်။

ဇော်သူရ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template