Headlines News :
Home » » Shining Access အထည်ချုပ် အလုပ်သမား များအား လျော်ကြေးသိန်း (၁၀၀) ပေးရန် ခုံသမာဓိ ကောင်စီ ဆုံးဖြတ်

Shining Access အထည်ချုပ် အလုပ်သမား များအား လျော်ကြေးသိန်း (၁၀၀) ပေးရန် ခုံသမာဓိ ကောင်စီ ဆုံးဖြတ်

Written By လွင့်မောင်မောင် on Saturday, March 15, 2014 | 10:31 PM

 
ရွှေပြည်သာ စက်မှုဇုန် ရှိ Shining Access အထည်ချုပ် အလုပ်သမား များမှ အလုပ်ရှင် သို့ အလုပ် ထုတ် နစ်နာကြေး တောင်း မှုနှင့်ပတ်သက် ၍ ခုံ သမာဓိ ကောင်စီ က စက်ရုံ ပိုင်ရှင် အနေ ဖြင့် လျော်ကြေး ငွေ ကျပ် သိန်း (၁၀၀) ပေးရန် ဆုံးဖြတ် လိုက်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိ ကောင်စီ အတွင်း ရေးမှူး ဒေါ်နွဲ့ နွဲ့ရီ က The Messenger သတင်းစာသို့ ပြောသည်။

အလုပ်ရှင်က လိုက်နာ၊ မလိုက်နာကို စောင့်ကြည့် သွားမယ်။ တစ်ပတ် စောင့်ကြည့် လို့ မလိုက်နာရင် အရေးယူ သွားမှာဖြစ် တယ်။ ဒါပေမဲ့ အလုပ်ရှင် က အယူခံ တက် ပိုင်ခွင့် ရှိ တယ် ဟု ၎င်း ကပြောသည်။ Shining Access အထည်ချုပ်စက်ရုံ ရှိ လုပ်သား (၂၉) ယောက် အား လုပ်ငန်းခွင် စည်းကမ်း ဖောက်ဖျက်မှု၊ အလုပ်သမားများ အကြား သွေးခွဲမှုတို့ကြောင့် အလုပ်သမား ဥပဒေပါရှိသည့်အတိုင်း အလုပ်မှ ထုတ်ပယ် ခဲ့ခြင်း ဖြစ်ပြီး၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်ကို အယူခံတင်ကာ ဖြေရှင်းသွားမည်ဖြစ် ကြောင်း Shining Access အထည်ချုပ် စက်ရုံမှ လက်ထောက်မန်နေဂျာက The Messenger သတင်းစာသို့ ပြောသည်။

စက်ရုံ ရေရှည် ရပ်တည်ဖို့အတွက် ထုတ်လိုက်တာဖြစ်တယ်။ သူတို့ရဲ့ နစ်နာကြေး ဟာ တကယ်ရ သင့်လား၊ မရသင့်လားဆိုတာ မဆုံးဖြတ်ရသေးဘူး။ ခုံသမာဓိကောင်စီရဲ့ဆုံး ဖြတ်ချက်ကိုတော့ အဆင့်ဆင့် ဆက်တက် သွားမယ် ဟု ၎င်း ကပြောသည်။ Shining Access အထည်ချုပ်စက်ရုံ သည် လုပ်သား (၈၀၀) ဖြင့် လည်ပတ်နေ သော စက်ရုံဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် အလုပ် သမား ခေါင်းဆောင် (၂၉) ဦးကို အ လုပ် မှထုတ်ပယ်သည့်အတွက် နစ်နာကြေး လျော်ကြေးရရှိရန် ခုံသမာဓိကောင်စီသို့ ဦးတိုက်လျှောက်ထားရာ သုံးလခန့်အကြာ တွင်မှ လျော်ကြေးပေးအပ်ရန် ခုံသမာဓိ ကောင်စီမှ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း အလုပ် ထုတ်ခံ ရသော အလုပ်သမား တစ်ဦး ဖြစ်သူ မဇာဇာဝင်း က ပြောသည်။

Messenger News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template