Headlines News :
Home » , » ထားဝယ်တက္ကသိုလ် အကြီးစား ပြင်ဆင်ရန် ကျပ်သန်းတစ်ထောင်ကျော် သုံးမည်

ထားဝယ်တက္ကသိုလ် အကြီးစား ပြင်ဆင်ရန် ကျပ်သန်းတစ်ထောင်ကျော် သုံးမည်

Written By လွင့်မောင်မောင် on Tuesday, September 30, 2014 | 12:21 AM

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=148bc2037230fdf1&attid=0.1&disp=inline&realattid=file0&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1412013009325&sads=0lMqbR2_E2tAdkyuiAFKMChWz98
၊Dawei Watch၊ ထားဝယ်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စိုးရ၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် ထားဝယ်တက္ကသိုလ်တွင် အဆောက်အဦများတိုးချဲ့ဆောက်လုပ်ရန်နှင့် အကြီးစား မွမ်းမံပြင်ဆင်ခြင်းရန် ကျပ်သန်းပေါင်းတစ်ထောင်ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။
နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် တက္ကသိုလ်နယ်မြေဟောင်း(ယခု ပညာရေး ကောလိပ်အနီး) မှ ဆရာမ အဆောင်ကို အကြီးစား ပြုပြင်မွမ်းမံခြင်း၊ သိပ္ပံလက်တွေ့အဆောင်၊ ပါမောက္ခချုပ်နေအိမ်၊ ပါမောက္ခနေအိမ်များ၊ ၀န်ထမ်းအိမ်ယာများ တည်ဆောက်ခြင်းနှင့် ကျောင်းဝင်းပတ်လည် ခြံစည်းရိုးကာရံခြင်း စသည့် လုပ်ငန်း ၉ ခုကို လုပ်ဆောင်ရန် ကုမ္ပဏီ ၁၀ ခုကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း ထားဝယ်တက္ကသိုလ် အင်ဂျင်နီယာဌာန အင်ဂျင်နီယာမှူး ဦးလှအောင်က ပြောသည်။
“ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီးပါပြီ။ လုပ်ငန်းတွေလည်း စလုပ်နေပြီ” ဟု ဦးလှအောင်က ဆိုသည်။
ကုမ္ပဏီများမှ အထက်ပါ လုပ်ငန်း ၁၀ မျိုးကို ၂၀၁၅ ဇန်န၀ါရီလ ၃၁ ရက်နေ့အပြီးတည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
လက်ရှိ ထားဝယ်တက္ကသိုလ်တွင် ပင်မဆောင်အပါအ၀င် စာသင်ဆောင် နှင့် ၀န်ထမ်းအိမ်ယာများအားလုံး စုစုပေါင်းအဆောက်အဦ ၄၀ ရှိကြောင်းသိရသည်။
ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ထားဝယ်တက္ကသိုလ်တွင် အဝေးသင်နှင့် နေ့ကျောင်းသား စုစုပေါင်း ၅၀၀၀ ခန့် ပညာသင်ကြားလျက်ရှိသည်။
ထားဝယ်တွင် တနင်္သာရီတိုင်း ဒေသကောလိပ်အဖြစ် ၁၉၇၇ ခုနစ်က ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ခုနစ်တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့ကာ ၂၀၀၂ ခုနစ်တွင် လက်ရှိတက္ကသိုလ်နယ်မြေအသစ်သို့ ပြောင်းရွှေ့ခဲ့သည်။
Dawei  Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template