Headlines News :
Home » , » ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်

ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်

Written By လွင့်မောင်မောင် on Thursday, October 2, 2014 | 9:58 PM

                  
                    ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်
ဓါတ်ပုံ- တာ့ဖာဆောင်သို့ အားဖြည့်လာသည့် မြန်မာ့တပ်မတော် စစ်ကြောင်းနှင့် ဒေသတွင်းက စစ်ပြေးဒုက္ခသည်များ
 အောက်တိုဘာ ၂ ရက် ၂၀၁၄

တာ့ဖာဆောင် တပ်စခန်းအား တိုက် ခိုက်သိမ်းပိုက်ရန် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်ဖြင့် ယနေ့(၂ ၊၁၀ ၊၂၀၁၄) နံနက် ၀၅ နာရီ မိနစ် ၄၀ အချိန်က စတင်ပစ်ခတ် တိုက်ခိုက်ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက် ခံ နှင့် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဗျူဟာ ၅ ခုမှ သျှမ်းပြည်တောင် ပိုင်းကျေးသီးမြို့ဘက်သို့ အားဖြည့်ကာ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ SSPP/SSA တာ့ဖာ ဆောင် တပ်စခန်းအား ယနေ့နံနက်ပိုင်းမှစ၍ စတင်တိုက်ခိုက် သည် ဟု ရှေ့တန်း သျှမ်းတပ်မှူး တဦးကပြောသည်။

ကျေးသီးမြို့အရှေ့မြောက်ဘက် တာ့ဖာဆောင်၊ ကောင်းမတ်ဟင်တန်၊ ပန်စေ့၊ ကောင်းမမုံ့လောင်း၊ ကောင်းမိုက်ညောင် တပ်စခန်းများအား အစိုးရတပ်မတော် စကခ ၂ ခလရ ၂၄၇ ၊ ခလရ ၂၄၈ ၊ခလရ ၂၉၄ ၊ ခမရ ၅၁၆ ၊ ခလရ ၂၈၇ ၊ ခလရ ၉ ၊ ခလရ ၁၂ ၊ ရမခ ၅၂၃) စစ်ကြောင်း လူင်အင်အား ၁၀၀၀ ကျော် ၊ ၆၀ မမ ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းနှင့် ပွိုင့် ၅ လေယာဉ်ပစ် စက်သေ နတ်ကြီး ၂ လက်ဖြင့် စစ်ကြောင်း ၁၀ ခုခွဲကာ လှုပ်ရှား တိုက်ခိုက်နေသည် ဟု ဆိုသည်။

“မိုင်းရယ်၊ တန့်ယန်းဘက်ကဆင်းလာတဲ့တပ်ဖွဲ့တွေ၊ မိုင်းစံ၊ မိုင်းရှူး၊ မိုင်းနောင်ဝမ့်စိမ်း နဲ့ ကျေးသီး နမ့်ပုတ်တပ်တွေ လေ။ စစ်ဗျူဟာ၊ မိုင်းနောင်က စကခ (၂) လက်အောက်ခံတပ်တွေ၊ အခု သူတို့ သုံးထားတဲ့စစ်အင်အားက ၅၀၀ ကျော်ကျော်လောက်ရှိမယ်။ ကျနော်တို့ဘက်ရောက်နေတဲ့ အစိုးရတပ် အင်အား ထပ်ရောက်လာတဲ့တပ်တွေ၊ ရှိရင်းစွဲတပ်တွေ အားလုံး အင်အား ၂၀၀၀ ထက်မနည်းဘူး” - - ဟု အမည်မဖေါ်လိုသည့် တပ်မှူးကပြောသည်။

အောက်တိုဘာ ၂ ရက် ယနေ့ဖြစ်ပွားသော တိုက်ပွဲကြောင့် ပစ်မှတ်ကျော်ကျသည့် လက်နက်ကြီး ဒဏ်ခံ ရသော တာ့ဖာတပ်စခန်းအနီး နမ့်ဟဲင်ချောင်း အနောက်ဘက်ကမ်း ငူးလိန်ရွာမှ ရွာသူရွာသား တရွာ လုံးကျွတ် စစ်ဘေးရှောင်ရှားရသည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ဝမ့်ဝပ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေေ ကြာင်း၊ မိုင်းရှူးမြို့မြောက် ဘက်မိုင်းအောတ်ကျေးရွာအုပ်စုဘက်တွင်လည်း စစ်ရေးပိုမိုတင်းမာလာနေကြောင်းဆိုပါသည်။

အစိုးရ၏ ရှေ့တန်းတက် တိုက်ခိုက်ရေးတပ်ရင်းများသည် မန့်ကတ်(တန့်ယန်း၊ သျှမ်း/မြောက်)နှင့် ကျိုင်းတောင်း ( မိုးနဲမြို့ နယ်၊ သျှမ်း/တောင်) တို့တွင်ပြု လုပ်သော တပ်စခန်းတက်သိမ်းသည့်သင်တန်း မှ သင်တန်းဆင်းတပ်ဖွဲ့ များဖြစ်ကြောင်း၊ ထို့ကြောင့် တာ့ဖာဆောင်တပ်စခန်းအား တိုက်ခိုက်ရခြင်း သည် အစိုးရတပ်၏ အဓိကလိုအပ်ချက်မဟုတ်နိုင်ဘဲ ဝ နယ်နှင့် ကပ်လျက် ရှိသည့် သံလွင်အနောက်ခြမ်း စစ်ရေးမဟာဗျူဟာကျ တောင်ကုန်းများ၊ တပ်စခန်းများအား သိမ်းပိုက်လိုခြင်းသာဖြစ်နိုင်ကြောင်း SSPP/SSA ဌာနချုပ် ရုံးအရာရှိကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template