Headlines News :
Home » » ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင် ၃နှစ်စီ လျှော့ပေး

ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင် ၃နှစ်စီ လျှော့ပေး

Written By လွင့်မောင်မောင် on Friday, October 3, 2014 | 8:05 AM

 
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံးက ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်အထိ တင်သွင်းသွား မှာ ဖြစ်တယ်လို့ သတင်းထောက် ၄ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

" ကျွန်တော်တို့ အယူခံတင်သွင်းတဲ့အခါမှာ တရားလိုဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်ဦးနဲ့ ဗိုလ်ကြီး ထက်ဝေအောင်တို့ရဲ့ ထွက်ဆိုချက်တွေအရ လျှို့ဝှက်ချက်ပေါက်ကြားထားတာ မရှိဘူး၊ ဓာတုလက်နက် ထုတ်လုပ်တာမရှိဘူး၊ ဓာတုလက်နက်ထုတ်လုပ်ဖို့လည်း စက်ရုံတည်ဆောက်နေတာ မဟုတ်ဘူးလို့ပြောထားတော့ ဒီဥစ္စာက သတင်းမှားတဲ့အဆင့်သာဖြစ်တော့ လျှို့ဝှက်ချက်ပေါက်ကြားတဲ့ ပုဒ်မနဲ့ ဖြေလျော့ဖို့ မသင့်လျော်ဘူး၊ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လာမယ့် ၁၅ ရက်အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှော့ရက်တင်သွင်းပြီးတော့ ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာ "

ယူနတီဂျာနယ်က သတင်းထောက်တွေဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ပခုက္ကူခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။

ယူနတီသတင်းသမားတွေရဲ့ အယူခံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ တင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အယူခံအပြီးသတ် လျှောက်လဲချက် တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

သတင်းထောက် ၄ ဦးကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရှေ့နေ ဦးကျော်လင်းက လိုက်ပါကူညီပေးနေတာဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template