Headlines News :
Home » » ပျောက်ဆုံး တောင်တက်သမားနဲ့ ရဟတ်ယာဉ် ရှာဖွေရေးကူညီဖို့ တရုတ်ပညာရှင် ၂ ဦးရောက်လာ

ပျောက်ဆုံး တောင်တက်သမားနဲ့ ရဟတ်ယာဉ် ရှာဖွေရေးကူညီဖို့ တရုတ်ပညာရှင် ၂ ဦးရောက်လာ

Written By လွင့်မောင်မောင် on Monday, September 29, 2014 | 2:20 PM

ပျောက်ဆုံး တောင်တက် သမားတွေနဲ့ ရဟတ်ယာဉ်ကို ပူးပေါင်း ရှာဖွေဖို့ တရုတ်နိုင်ငံမှ နာမည်ကြီး အရပ်သား ကယ်ဆယ်ရေးအဖွဲ့ (BSR) မှ ပညာရှင် ၂ ဦး မြန်မာနိုင်ငံကို ရောက် လာခဲ့ပါတယ်။ 


  ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ

သဘာဝခေါ်သံဖောင်ဒေးရှင်းအစီအစဉ်နဲ့ ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ တတ်ရောက် ရာမှ ပျောက်ဆုံးနေသည့် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ တောင်တတ်သမားနှစ်ဦးကို ရှာဖွေလုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် ကို ရှာဖွေရန်အတွက် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ လ(၂၈)ရက်နေ့ ညပိုင်းက သူတို့ ၂ ဦး ရာက်ရှိခဲ့တာပါ။

  BSR မှ ကယ်ဆယ်ရေးပညာရှင်နှစ်ဦးဟာ စက်တင်လာလ(၂၉)ရက်နေ့မနက်ပိုင်းတွင် ပူတာအို မြို့ သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး တောင်တတ်သမားများကို ရှာဖွေနေသည့် အဖွဲ့များနဲ့ ပူးပေါင်း ကာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် ရှာဖွေရေုးလုပ်ငန်းများကို လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း သိရပါတယ်။ 

ထိုကယ်ဆယ်ရေးပညာရှင်နှစ်ဦးဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက် အရ အရေးပေါ်  လာရောက်ကူညီခြင်းဖြစ်ကြောင်း သိရပါတယ်။ 


နောက်ဆုံးရရှိတဲ့ သတင်းများအရ တရုတ်နိုင်ငံ ဘက်အခြမ်းမှ တတ်ရောက်လာတဲ့ ပျောက်ဆုံး
မြန်မာ တောင်တက် သမားနှစ်ဦးကို ရှာဖွေမည့် BSR အဖွဲ့ဟာ ခါကာဘိုရာဇီတောင် အခြေစိုက် စခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ 



စိုင်းဇော် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template