Headlines News :
Home » , » ဟောင်ကောင်တွင် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက် မြို့လယ်သိမ်း လှုပ်ရှားမှု စတင် (photo)

ဟောင်ကောင်တွင် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက် မြို့လယ်သိမ်း လှုပ်ရှားမှု စတင် (photo)

Written By လွင့်မောင်မောင် on Monday, September 29, 2014 | 12:03 AM









ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းဖို့ ကြိုးစားချိန်မှာ နောက်ထပ် လူထောင်ပေါင်းများစွာ စက်တင်ဘာလ ၂၇ ရက်နေ့ကစလို့ လမ်းပေါ်ထွက်လာကြ ပါတယ်။

ဒီဆန္ဒပြပွဲကတော့ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက်စင်ထရယ်ကို သိမ်းလို့ နာမည်ပေးထားပြီး ဟောင်ကောင်မြို့လယ်ခေါင်မှာ စုရုံးနေကြတာပါ၊

လှုပ်ရှားမှုကို ခေါင်းဆောင်သူတွေဟာ ဒါဟာ ငွေရေးကြေးရေး ဘဏ္ဍာရေးလုပ်ငန်းတွေ စုရုံးတည်ရှိတဲ့ မြို့နယ်ကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုရဲ့ အစလို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဟောင်ကောင်မှာ ဆယ်စုနှစ်တွေအတွင်း လူအများဆုံး ပူးပေါင်းပါဝင်တဲ့ ဆန္ဒပွဲဖြစ်ဖို့ စည်းရုံးလှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။

အစိုးရရုံးချုပ်နားမှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေက ငရုပ်ကောင်းရည်တွေနဲ့ ပက်ပြီး လူစုခွဲပြီး ၂၄ နာရီမတိုင်ခင်မှာ စင်ထရယ်ကိုသိမ်း လှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါတယ်။

ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃၄ ယောက် ဆေးရုံတင်ခဲ့ရသလို ၆၀ လောက်လည်း ဖမ်းဆီးခံထားရပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template