Headlines News :
Home » , » ဆန္ဒပြကျောင်းသားများကို အမြန်ဆုံးလူစုခွဲရန် ဟောင်ကောင် အာဏာပိုင်များ တောင်းဆို

ဆန္ဒပြကျောင်းသားများကို အမြန်ဆုံးလူစုခွဲရန် ဟောင်ကောင် အာဏာပိုင်များ တောင်းဆို

Written By လွင့်မောင်မောင် on Saturday, October 4, 2014 | 11:55 PM

 
ယခု ရုံးပိတ်ရက်နေ့များတွင် ဆန္ဒပြသူများ အစုအဝေး ပိုမိုများပြား လာပြီး ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးနှင့် ရာဘာ ကျည်ဆံ သေတ္တာများအား ကားပေါ်မှချကာ ပြင်ဆင်နေသည် ကို မြင်တွေ့ ရသည်။ ဒီမိုကရေစီရေး ဆန္ဒပြသူများ အမြန် ဆုံးလူစုခွဲရန် အာဏာပိုင်များ က တောင်းဆိုခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဟောင်ကောင် ဥပဒေပြုလွှတ်တော်အပြင်ဘက်နှင့် နေရာ အများအပြားတွင် လူအုပ်ကြီးက ထိုင်နေခဲ့ကာ လမ်းများအား ပိတ်ဆို့ ထားခဲ့သည်။ ဆန္ဒပြ သူများက ဟောင်ကောင်အုပ်ချုပ်ရေးမှူး လန်ချန်ယင်အား နုတ်ထွက်ရန်နှင့် မနုတ်ထွက်ပါက ပိုမိုကြီးမား သည့် လှုပ်ရှားမှုများနှင့် ရင်ဆိုင် ရမည်ဟု တောင်းဆိုထားသည်။

တရုတ်အစိုးရက လန်ချန်ယင် အား ခိုင်ခိုင်မာမာထောက်ခံကြောင်း ပြောကြား ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ထောက်ခံမှုပေးမည်ဟု ကတိပြုထား ချိန်တွင် ဆန္ဒပြ သူများက ၅ ညမြောက် ဆန္ဒပြရန် ပြင်ဆင်လျက်ရှိသည်။ ပုံ မှန်အားဖြင့် ယာဉ် အသွားအလာရှုပ် ထွေးနေတတ်သည့် လမ်းများပေါ် တွင် လူထောင်ပေါင်း များစွာက ငြိမ်းချမ်းစွာ ဆန္ဒပြနေပြီး ဟောင်ကောင်တွင် လွတ်လပ် သည့် ရွေးကောက်ပွဲခွင့်ပြု ပေးရန် တရုတ်အစိုးရအား တောင်းဆိုလျက်ရှိသည်။

တင်္နလာနေ့တွင် ဟောင်ကောင်အစိုးရရုံးရှိ ဝန်ထမ်း ၃၀၀၀၀ ကျော် ရုံးပြန် တက်ချိန်တွင် လမ်းများ ရှင်းလင်းနေရန် လိုလားသည်ဟု အာဏာပိုင် များက ဆိုသည်။ ဆန္ဒပြသူများအနေဖြင့် လမ်းများ ပိတ်ဆို့ထားခြင်း မပြုဘဲ အမြန်ဆုံးငြိမ်းချမ်းစွာ လူစုခွဲရန် အာဏာပိုင်များက တောင်းဆို ထားသည်။

KHTunဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template