Headlines News :
Home » , » မြ၀တီတွင် ဆက်ဖြစ်

မြ၀တီတွင် ဆက်ဖြစ်

Written By လွင့်မောင်မောင် on Sunday, September 28, 2014 | 12:34 PM


| မော်လမြိုင်၊ စက်တင်ဘာ ၂၇
DKBA နှင့် အစိုးရစစ်တပ် တိုက်ပွဲ
မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့ခံလူထုတို့က ပြောသည်။
မြဝတီမြို့အထွက် လမ်းမကြီးနေရာတွင် စတင်ဖြစ်ပွားကာ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုပစ်ခတ်ခဲ့ပြီး DKBA နှင့် အစိုးရ တပ်များ ပတ်ခတ်နေခြင်း ဖြစ်နိုင်ကြောင်း မြို့ခံတို့က ခန့်မှန်းပြောဆိုသည်။
“ဖြစ်တာက မြို့အထွက်လမ်းမကြီးနေရာမှာပါ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ပါတယ်။ တစ်မြို့လုံးကတော့ ကမောက်ကမဖြစ်ကုန်ကြတာပေါ့၊ ပြေးတဲ့လူတွေကလည်း ပြေးကြတယ်။ အစိုးရတပ်နဲ့ DKBA တပ်တွေလို့ ပြောကြတာပဲ” ဟု မြဝတီမြို့ခံစီးပွားရေးလုပ်ငန်းရှင် အမျိုးသားတဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် မြို့ခံလူထုတို့က ထိန့်လန့်ကြောက်ရွံ့ကြပြီး လူနေအိမ်များ၊ ဈေးဆိုင်ခန်းများပိတ်ကာ ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိခဲ့ကြောင်း  မြို့ခံအမျိုးသမီးတဦးက ပြောသည်။
“နေ့လည်ကတော့ သေနတ်သံကြားတော့ လူတွေကြောက်ကြတာပေါ့။ ဆိုင်ပိတ်တဲ့လူကပိတ် ပြေးတဲ့လူတွေက ပြေးနဲ့။ ဖြစ်တဲ့နေရာမှာ လမ်းပိတ်တာတို့ ဘာတို့တော့ ကြားတယ် ကိုယ်လည်း သေချာမသိဘူး။ အခုတော့ တိတ်တော့တိတ်နေပါပြီ။ ဒါပေမယ့် လူကတော့ ကြောက်နေကြတာပေါ့” ဟု မြဝတီမြို့ ရပ်ကွက်နေ မျိုးသမီးတဦးက ၂၇ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နေ့လည်ခန့်ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်တချို့ကို DKBA ကဖမ်းဆီးထားကြောင်း စုံစမ်း သိရသည်။
DKBA နှင့် အစိုးရတပ်တို့ကြား နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA သို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template