မြန်မာနိုင်ငံတွင် ဖမ်းဆီးထိမ်းသိမ်း ခံနေရသည့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား
ထောင်သား ၃၂ ဦးကို မြန်မာအာဏာပိုင် များက ဘင်္ဂလာဒေ့ခ်ျ နိုင်ငံဘက်သို့
လွဲပြောင်း ပေးအပ်လိုက်သည်။
အဆိုပါ လွဲပေးမှုကို ယနေ့ နံနက်ပိုင်းက မြန်မာဘက် အမှတ်(၁)
နယ်မြေတွင်ပြုလုပ်သည့် နှစ်ဘက် နယ်ခြားစောင့်တပ် အစည်းအဝေးအပြီးတွင်
လွဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အရာရှိများက
ပြောသည်။
ဆွေးနွေးပွဲကို ဘင်္ဂလာဘက်မှ တက်ကနက်အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ်မှ
အရာရှိ တစ်ဦး နဇူလ်ရူလ်ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးနှင့် မြန်မာဘက်မှ
လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာ ရှိတစ်ဦးဖြစ်သူ ဦးထွန်းထွန်းတို့
တက်ရောက်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၉ ရက်နေ့က မောင်တောမြို့တွင်ပြုပ်လုပ်သည့် နှစ်ဘက်နယ်ခြားစောင့်တပ်
တပ်ရင်းအဆင့် ဆွေးနွေးပွဲတွင်လည်း မြန်မာဘက်တွင်ဖမ်းဆီးခံနေရသည့်
ဘင်္ဂလဒေ့ခ်ျနိုင်ငံသား ၂၆ ဦးမြန်မာအာ ဏာပိုင် များက လွဲပြောင်းပေးခဲ့သည်။
စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း နှစ်ဘက်နယ်ခြားစောင့်တပ် တပ်ရင်းအရာရှိအဆင့် အလံတင် အစည်းအဝေးတခုပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာဘက်မှ စိတ်ကြွဆေးပြား၊
အရက်နှင့် ဘီယာ များ ဘင်္ဂလာဘက်သို့ ၀င်ရောက်နေမှုကို မြန်မာဘက်မှ
ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထားသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၂၀၀ ကျော်ရှိ ကြောင်း သိရသည်။
(နိရဉ္စရာ- ၁ စက်တင်ဘာ ၂၀၁၄) / မောင်အေး