Headlines News :
Home » , » မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရှမ်းလူငယ်အမှု ကျေအေးရန် ကျပ်သိန်း ၁ဝဝ ဖြင့် သုံးကြိမ်ကမ်းလှမ်း

မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရှမ်းလူငယ်အမှု ကျေအေးရန် ကျပ်သိန်း ၁ဝဝ ဖြင့် သုံးကြိမ်ကမ်းလှမ်း

Written By လွင့်မောင်မောင် on Monday, September 29, 2014 | 1:57 PM

 
နမ့်ခမ်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့အဝင်တွင် ဇူလိုင် ၂၃ ရက် ည ၇နာရီခွဲက မန့်ပန်ပြည်သူ့ စစ်အဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှု ကြောင့် သေဆုံးသွားသည့် ရှမ်း လူငယ်အမှုကို ကျေအေးပေးရန် အဆိုပါ ရှမ်းလူငယ်၏ မိသားစု အား ကျပ်သိန်း၁ဝဝဖြင့် သုံးကြိမ် တိတိလာရောက်ကမ်းလှမ်းနေသည် ဟုသေဆုံးသွားသည့်ရှမ်းလူငယ်၏ မိသားစု ဝင်များထံမှ သိရသည်။

ယခုလ ၁၄ ရက်၊ ၂၂ရက်နှင့် ၂၆ ရက်များတွင် ကြားခံလူမှတစ် ဆင့် မိသားစုထံသို့လာရောက်ကာ ကျပ်သိန်း ၁ဝဝ ယူပြီး အမှုကျေ အေးပေးရန် လာရောက်ကမ်းလှမ်း ခြင်းဖြစ်ကြောင်းသေဆုံးသွားသည့် ရှမ်းလူငယ်၏အစ်ကိုဝမ်းကွဲဖြစ်သူ ကိုစိုင်းအိုက်အောင်းကပြောသည်။
''ကျွန်တော်တို့ဘက်ကဥပဒေ နဲ့အညီအရေးယူတာကိုပဲလိုချင်တယ် လို့ပြောတော့သူတို့ဘက်ကဒီလကုန် လို့မှမယူရင်ပိုက်ဆံတစ်ပြားမှရတော့ မှာမဟုတ်ဘူးလို့ ပြန်ခြိမ်းခြောက် သွားတယ်''ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်ည ၇ နာရီခွဲတွင် နမ့်ခမ်းမြို့သို့ပြန်လာ သော ရှမ်းလူငယ်နှစ်ဦး ဆိုင်ကယ် မောင်းနှင်လာစဉ်နောင်စန့်ရပ်ကွက် အနီး လုံခြုံရေးယူနေသည့် မြို့မ ပြည်သူ့စစ်လက်အောက်ခံအဖွဲ့ခွဲ ဖြစ်သည့် မန့်ပန်ပြည်သူ့စစ်အဖွဲ့ ဝင်တစ်ဦးကရပ်တန့်ရန်တားမြစ်ခဲ့ ပြီးနောက်ဆိုင်ကယ်ရပ်မပေးသဖြင့် သေနတ်ဖြင့်သုံးချက်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်နောက်တွင်စီးနင်းလာသည့် ရှမ်းလူငယ်စိုင်းပေါင်းပေါင်း၏ နောက်စေ့ကို သေနတ်ထိမှန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြည်သူ့စစ်အဖွဲ့ဝင်ကို ပစ်ခတ်မှုဖြစ်ပြီးနှစ်လအကြာ ယခု လ ၄ ရက်တွင် အချုပ်ချထားပြီး ယခုလ ၁၈ ရက်တွင် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ခံများ ထံမှသိရသည်။
အဆိုပါ အမှုကိစ္စကိုတာဝန် ရှိသူများက အမှုမှန်ပေါ်အောင် မဆောင်ရွက်ပေးလျှင်ဆန္ဒဖော်ထုတ် သွားမည်ဟု နမ့်ခမ်းမြို့ ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုင်းအောင်ဝင်းကပြောသည်။

ယင်းဒေသတွင် ပန်းဆေးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့လှုပ်ရှားလျက်ရှိပြီး ယမန်နှစ်ရှမ်းပြည်နယ်နေ့တွင် ပန်းဆေး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ရှမ်းလူငယ်တစ်ဦးကို ပစ်သတ်ခဲ့သကဲ့သို့ ပြီးခဲ့သည့် မေ ၂၉ ရက်ကလည်း မူဆယ်မြို့နှင့်နမ့်ခမ်းမြို့သို့ ဆက်သွယ် ထားသည့်ကားလမ်း၌ ပစ်ခတ်မှုတစ်ခုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ နှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုလ၁၈ရက်ည ၉နာရီ ဝန်းကျင်ကလည်းနမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့ နယ်အထောက်အကူပြုဒုဥက္ကဋ္ဌ ဦးစိုင်းအောင်ဝင်း၏အိမ်ရှေ့တွင် ဆိုင်ကယ် စီးနင်းလာသော အမျိုးသားနှစ်ဦးကလက်လုပ်ဗုံးတစ်လုံးကိုပစ်ပေါက်ဖောက် ခွဲခဲ့သောကြောင့် ဦးစိုင်းအောင်ဝင်း၏ ယောက်ဖဦးစိုင်းညွန့်မောင်၏ပါး၊ လည်ပင်း၊ဝမ်းဗိုက်၊ပေါင်တို့တွင် ဗုံးဆန်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။

စိုးကြီး
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template