Headlines News :
Home » , » ဂျပန် မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၃၀ သေဆုံးဖွယ်ရှိ (သတင်းနှင့်ဓာတ်ပုံ)

ဂျပန် မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၃၀ သေဆုံးဖွယ်ရှိ (သတင်းနှင့်ဓာတ်ပုံ)

Written By လွင့်မောင်မောင် on Sunday, September 28, 2014 | 11:25 PM

 

ဂျပန် နိုင်ငံမှာ စက်တင်ဘာလ ၂၇ ရက်နေ့က အွန်တာကီ မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၃၀ အထိသေဆုံးဖွယ် ရှိပြီး စစ်တပ်နဲ့ ရဲအင်အား ၅၀၀ ဟာလည်း ရှာဖွေ ကယ်ဆယ်ရေးကို အပူတပြင်း ဆောင်ရွက်နေရပါတယ်။
နှလုံးခုန်ရပ်နေတဲ့ အခြေအနေနဲ့ လူတွေကို တွေ့ရခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပေမယ့် နောက်ဆုံး စစ်ဆေးမှုတွေ မလုပ်ရသေးတဲ့အတွက် ဂျပန်ရိုးရာအတိုင်း သေဆုံးသွားပြီလို့တော့ အတည်ပြုချက် မပေးသေးပါဘူး။

စစ်သားတွေက အသက်ရှင်နေသူတွေ ပြာတွေ ဖုံးနေတဲ့ တောင်ပေါ်ကနေ ရဟတ်ယာဉ်ပေါ်ကို ဆွဲတင်နေတဲ့ ပုံကိုလည်း ဂျပန် စစ်တပ်က ဗီဒီယိုရိုက်ကူးပြီး သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့အထိ တောင်ထိပ်မှာ ကလေးတွေ အပါအ၀င်၊ လူရာနဲ့ ချီပြီး ပိတ်မိနေပါတယ်။ လူပေါင်း ၄၀ လောက်လည်း ဒဏ်ရာရခဲ့ပြီး တော်တော်များများ အရိုးကျိုးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ေ ပျောက်ဆုံးနေဆဲ လူ ၄၅ ယောက်ကိုလည်း အာဏာပိုင်တွေက လိုက်ရှာနေပါတယ်။ မီးတောင်ဟာ စက်တင်ဘာ ၂၈ ရက်နေ့အထိ မီးခိုးနဲ့ ချောရည်ပူတွေကို ကောင်းကင် အထက် မီတာရာနဲ့ချီတဲ့ အမြင့်အထိရောက်အောင် မှုတ်ထုတ်နေတုန်းပါပဲ။ အွန်တာကီ မီးတောင်ဟာ ပေပေါင်း ၁၀၀၀၀ ကျော်မြင့်ပြီး တိုကျိုမြို့ အနောက်ပိုင်း ၁၂၅ မိုင် အကွာမှာ တည်ရှိတာပါ။

မီးတောင် မပေါက်ခင် အရင်ရက်တွေက ငလျင်ငယ်တွေ လှုပ်ခဲ့ပေမယ့် မီးတောင် ပေါက်ကွဲမယ်လို့ ကြိုတင်ခန့်မှန်းဖို့ကတော့ ခက်ခဲတယ်လို့ ဂျပန် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ပြောပါတယ်။
 ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template