ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ဌာနစုမှ
တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ
မြို့နယ် နဝဒေးအိမ်ရာအပြင်ဘက်
ဘုရားလမ်းထိပ်နှင့်အဆင့်မြင့်လမ်းထိပ်တို့တွင် ညပိုင်းအချိန်များ၌
လူမိုက်အုပ်စုကျက်စားနေကြောင်း သတင်းအရ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ
၂၈ ရက် ည ၁ဝ နာရီခွဲတွင် လုယက်မှုပြစ်ချက် ဟောင်းရှိသူ
မှဲ့လေး(ခ)ခင်မောင်ဝင်း၊ ဝင်းလွင်ဦး၊ မင်းမင်း၊
ကျော်ဇင်လတ်(ခ)ကုလားတို့လေးဦးအား လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ
လုယက် ယူဆောင်ခဲ့သော ငွေကျပ် ၆၂ဝဝဝ နှင့်ဖုန်းနံပါတ် ဝ၉-၃ဝ၄၅၆ဝ၁၉
ဆင်းကတ်ပါSAMSUNG တံဆိပ် အနီ/အနက်ရောင် လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိ
သဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၇၈၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၅၄ ဖြင့်
အရေးယူထားကြောင်း သိရသည်။
The Mirror Daily