Headlines News :
Home » » အနှိပ်ခန်းများ တရားဝင်ခွင့်ပြုမပေးနိုင်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြောဆိုခဲ့သော်လည်း အာဏာပိုင်တချို့နှင့် အနှိပ်ခန်းပိုင်ရှင်များအကြား ကြီးမားသည့်လာဘ်စားမှု၊ ခြစားမှုများကြောင့် အနှိပ်ခန်းများ ပေါများနေဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းပြော

အနှိပ်ခန်းများ တရားဝင်ခွင့်ပြုမပေးနိုင်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြောဆိုခဲ့သော်လည်း အာဏာပိုင်တချို့နှင့် အနှိပ်ခန်းပိုင်ရှင်များအကြား ကြီးမားသည့်လာဘ်စားမှု၊ ခြစားမှုများကြောင့် အနှိပ်ခန်းများ ပေါများနေဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းပြော

Written By လွင့်မောင်မောင် on Saturday, December 13, 2014 | 8:11 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၂-

 မြန်မာ့ယဉ် ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ဆန့် ကျင်ထိခိုက်စေသည့်အတွက် အနှိပ် ခန်းများကို တရားဝင်ခွင့်ပြုမပေးနိုင် ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြော ဆိုခဲ့သော်လည်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အာဏာပိုင်တချို့နှင့် အနှိပ်ခန်းပိုင်ရှင်များအကြား ကြီးမားသည့် လာဘ်စားမှု၊ ခြစားမှုများကြောင့် အနှိပ်ခန်းများ ပေါများနေကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဒေါ်ညိုညိုသင်း က ပြောသည်။

ဒီဇင်ဘာ ၁၂ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြု ပေးရန် တိုက် တွန်းကြောင်း အဆို အပေါ် တိုင်းအစိုးရအဖွဲ့မှ အနှိပ်ခန်းများအား မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေခြင်းကြောင့် တရားဝင် ဖွင့်လှစ်ခွင့်ပေးမထားကြောင်း ပြောဆိုခဲ့မှုအပေါ် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

''အနှိပ်ခန်းတွေကို တရားဝင် ခွင့်ပြုမပေးထားခြင်းမရှိပါဘူးလို့ အစိုးရအဖွဲ့ က ပြောပေမယ့် လက်ရှိ ဖြစ်နေတာက အာဏာပိုင်တချို့နဲ့ အနှိပ်ခန်းပိုင်ရှင်တွေ ကြားထဲမှာ ကြီး မားတဲ့လာဘ်စားမှုနဲ့ ခြစားမှုတွေ ကြောင့် အနှိပ်ခန်းတွေ ပေါ များနေပြီး ပပျောက်ခြင်းမရှိသေးဘူး''ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညို သင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများ မရှိစေရေးအတွက် တိုင်းဒေသ ကြီးအစိုးရအနေဖြင့် ကြပ်မတ်ဆောင် ရွက်လျက်ရှိပြီး အလှပြင် ဆိုင်အဖြစ် ဗန်းပြကာ အနှိပ်ခန်းများဖွင့်လှစ်ခြင်း၊ ကေတီဗွီများကိုအကြောင်းပြပြီး အနှိပ်ခန်းများ၊ ပြည့်တန်ဆာလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ဖော် ထုတ်ဖမ်းဆီးနေသည်ဟု တိုင်းဒေသ ကြီးလွှတ်တော်အတွင်း ပြောဆိုခဲ့သည်။

''အနှိပ်ခန်းတွေက ယဉ်ကျေးမှု နဲ့မညီဘူးဆိုရင် ဘာကြောင့် ရန်ကုန်မှာ အနှိပ်ခန်းတွေ အများကြီးရှိနေ တာလဲ ဥပဒေနဲ့မညီဘူး၊ အရေးယူနေတယ်ဆိုရင် အနှိပ်ခန်းတွေအများကြီးဖြစ်လာစရာမရှိဘူး။ အနှိပ်ခန်းတွေရှိမှန်းမသိတာလား။ မသိချင်ယောင်ဆောင်နေတာလားဆိုတာလားတော့ မသိဘူး''ဟု ရန်ကုန်မြို့ တွင် နေထိုင်သူ ဦးကျော်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများများစွာရှိနေသဖြင့် အနှိပ်ခန်းများ ပပျောက်နိုင်မည်မဟုတ်ဟု ဗိုလ်မှူးကြီးတင်ဝင်းကပြောသည်။

''တရားဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေမှန်သမျှ ကျွန်တော်တို့ဥပဒေနဲ့ အညီဖြစ်အောင် တရားစွဲဆိုတာတွေ၊ ဖမ်းဆီးတာတို့ ဆောင်ရွက်လျက်ရှိပါ တယ်။ သို့သော်လဲပဲ ဒါတွေမပျောက် နိုင်ပါဘူး''ဟု ဗိုလ်မှူးကြီးတင်ဝင်းက လွှတ်တော်အတွင်းပြောသည်။

''အမျိုးသမီးများအကြမ်းဖက် မှုကာကွယ်ရေးသဘောတူညီချက် စီဒေါကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးတွေ အနှိပ်ခန်းမှာ ခေါင်း ပုံဖြတ်ခံနေရတာ၊ ဖမ်းဆီးခံရလိုရှိရင်လဲ ပြည့်တန်ဆာအမှုနဲ့ အရေးယူမှုတွေရှိနေ တယ်။ ဒီလိုမျိုး အမျိုးသမီတွေအနှိပ်ခန်းတွေ မှာ ခေါင်းပုံဖြတ်ခံနေရတာ သက်ဆိုင်ရာအစိုးရမှာ တာဝန်ရှိပါတယ်''ဟု ဒေါက်တာဒေါ်ညိုညိုသင်းက လွှတ် တော်အတွင်း ပြောကြားခဲ့သည်။

အနှိပ်ခန်းများကို တရားဝင်ခွင့်ပြုပေးပါက မြန်မာ့ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ကို ဆန့်ကျင်ထိခိုက် စေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အနှိပ် ခန်းများ တရား ဝင်ခွင့်ပြုမပေးနိုင်ကြောင်း၊ ထို့ပြင် အဆိုအရ အနှိပ်ခန်းများကို ဥပဒေပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုပေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီးတစ်ခု တည်း ဆောင်ရွက်၍မရဘဲ တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက် ရမည်ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရ မှ ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်သဖြင့် အနှိပ်ခန်း တရားဝင်ခွင့်ပြုပေးရန် အဆိုကို လွှတ်တော်အတွင်း မှတ်တမ်း တင်ထားရှိခဲ့ကြောင်း သိရသည်။

အနှိပ်ခန်းများ တရားဝင်ခွင့်ပြု ပေးရန် အဆိုအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းကျော်က ဒီဇင်ဘာ ၈ရက်တွင် ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

SYMZ
‪#‎Democracytoday‬
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template