Headlines News :
Home » » ဆီးရီးယားနဲ့ အီရတ်မှာ IS အောင်ပွဲခံနေ

ဆီးရီးယားနဲ့ အီရတ်မှာ IS အောင်ပွဲခံနေ

Written By Live100 on Saturday, May 23, 2015 | 12:20 AM


Palmyra ရှေးဟောင်းအမွေအနှစ်မြို့နားအထိ IS အဖွဲ့တွေ ရောက်နေပြီ ဖြစ်ပါတယ်။ (Credit: AFP)

  အီရတ်နိုင်ငံ ​ရာမာဒီမြို့နဲ့ ​ဆီးရီးယားနိုင်ငံက ​ရှေးဟောင်းမြို့ဖြစ်တဲ့ ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်လိုက်ပြီ ​ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက ​ကမ္ဘာ့အမွေအနှစ် ​စာရင်းဝင် ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်နေတဲ့ ​ဗီဒီယိုတွေ၊ ​မြို့ခံ ​တချို့ကို ​သတ်ပစ်တဲ့ ​ဗီဒီယိုတွေ ​ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီမြို့က ​လူ ​သုံးပုံ ​တစ်ပုံလောက် ​အချိန်မှီ ​ထွက်ပြေးနိုင်ခဲ့ပါတယ်။

IS ​ရဲ့ ​ရန်ကို ​ကြောက်လို့ ​သယ်ထုတ်လို့ရတဲ့ ​ရှေးဟောင်း ​ပစ္စည်းတွေကို ​သယ်ထုတ်ခဲ့ကြပေမယ့် ​ကြီးမားတဲ့ ​အရာဝတ္တုတွေကို ​မသယ်နိုင်တာကြောင့် ​အဲဒီ ​မြို့ဟောင်းမှာပဲ ​ချန်ခဲ့ရပါတယ်။

Palmyra ​မြို့ကို ​စကြာင်္ဝဠာရဲ့ ​အမွေအနှစ်အဖြစ် ​ကုလသမဂ္ဂက ​သတ်မှတ်ထားတာဖြစ်ပြီး ​ခရစ်တော်မတိုင်ခင် ​ကာလကတည်းက ​မှတ်တမ်းဝင်နေခဲ့တဲ့ ​မြို့လည်း ​ဖြစ်ပါတယ်။

အဲဒီနေရာဟာ ​ရောမလူမျိုးတွေ၊ ​ဂရိတွေနဲ့ ​အာရပ်တွေ ​ဆုံတဲ့နေရာ ​ဖြစ်တာကြောင့် ​ကမ္ဘာရဲ့ ​ဆုံမှတ်အဖြစ် ​အသိအမှတ်ပြုခဲ့ကြပါတယ်။

အစ္စလာမ် ​ဝါဒီ ​မပြန့်ပွားခင်ကတည်းက ​တည်ရှိတဲ့ ​မြို့ဖြစ်ပါတယ်။

အဲဒီမြို့ဟာ ​Damascus ​မြို့၊ ​Homs ​မြို့နဲ့ ​အီရတ်အရှေ့ပိုင်းကို ​ဆက်သွယ်ပေးတဲ့ ​အချက်အချာကြတဲ့မြို့ ​ဖြစ်သလို ​ကမ္ဘာ့အမွေအနှစ်အဖြစ် ​သတ်မှတ်ခံရတဲ့အတွက် ​ကမ္ဘာက ​အကာအကွယ်ပေးရမယ်လို့ ​ရှေးဟောင်းအမွေအနှစ် ​ထိန်းသိမ်းသူတွေက ​ပြောလိုက်တာ ​ဖြစ်ပါတယ်။
ရာမာဒီမြို့ကိုလည်း ​IS ​သိမ်းပိုက်ဆဲ

တဆက်တည်းမှာပဲ ​အီရတ်နိုင်ငံက ​ရာမာဒီမြို့ကိုလည်း ​IS ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​ရယူဖို့ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တပ်တွေ၊ ​အီရတ်တပ်နဲ့ ​ရှီရိုက်လူမျိုး ​စစ်သားတွေ ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရခဲ့ပါဘူး။

ရာမာဒီမြို့ကို ​ပြန်ရယူနိုင်လိမ့်မယ်လို့ ​အမေရိကန် ​သမ္မတနဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီးတို့က ​ယုံကြည်ခဲ့ကြတာပါ။

အခုလို ​အရေးကြီးတဲ့ ​မြို့ ​၂ ​မြို့ကို ​အီရတ်က ​သိမ်းပိုက်နိုင်ပေမယ့် ​အမေရိကန်အနေနဲ့ ​IS ​ကို ​မရှုံးသေးဘူးလို့ ​သမ္မတ ​အိုဘားမားက ​ပြောလိုက်ပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template