Headlines News :
Home » » နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ မေ ၁၈ ရက်တွင် တွေ့ဆုံမည်

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ မေ ၁၈ ရက်တွင် တွေ့ဆုံမည်

Written By Live100 on Sunday, May 17, 2015 | 7:33 AM



နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ လာမည့် မေ ၁၈ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ထိရောက်သည့်ဆွေးနွေးမှုမျိုး ပြုလုပ်ရန်လိုအပ်ကြောင်း၊ ယခင်ကလည်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ  ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော်လည်း အကြောင်းအရာတစ်ခုကို အဖြေတစ်ခုရအောင် လုပ်သည့် ဆွေးနွေးမှု ဖြစ်စဉ်မျိုးမဟုတ်ဘဲ တွေ့ဆုံသည်ဆိုသည့် ပုံသဏ္ဌာန်တစ်ခုသာ ကျန်ခဲ့ပြီး မည်သည့် ရလဒ်မှ ထွက်ပေါ်ခြင်းမရှိခဲ့ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

ဒေါက်တာအေးမောင်က “ကျွန်တော်တို့ အမြင်က တွေ့ဆုံပွဲလုပ်တယ်ဆိုတာ အကြောင်းအရာတစ်ခုကို လူထုသိအောင်ပြချင်တဲ့ သဘောပဲရှိတယ်။ အဲဒီအကြောင်းအရာရဲ့ အဆီအနှစ်ကို ဖြေရှင်းချင်တဲ့ အနေအထားတော့ မတွေ့ဘူး။ ဒီလိုတွေ့တာလေးတွေလောက် နဲ့ ကျေနပ်နေကြမယ်ဆိုရင်တော့ အဖြေရမှာ မဟုတ်ဘူး။ တွေ့တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဖန်တီးနေတဲ့ သဘောလေးတွေ့တာပေါ့။ ဒါပေမဲ့ အဲဒီအကြောင်းအရာရဲ့ ရလဒ်ကို မှတ်တမ်းတင်ထားတဲ့ သဘောမတွေ့ဘူး။ ဆိုတော့ ကျွန်တော်တို့ လူထုမျှော်မှန်းတဲ့ ဟာလေးတွေကတော့ အလှမ်းဝေးတာပေါ့လေ။  အရေးကြီးတာက ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပဋိညာဉ်လေးတွေ ပြု နိုင်ဖို့ အရေးကြီးတယ်။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုမှာလည်း ထိထိရောက်ရောက် အထောက်အကူပေးနိုင်သလို ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအလွန်မှာ ဖြစ်ပေါ်လာမယ့်
 နိုင်ငံရေးတည်ငြိမ်မှုမှာလည်း အများကြီးအထောက်အကူပေးနိုင်ပါတယ်”ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းပြည်၏ အနာဂတ်အတွက် လွှတ်တော်က တိုက်တွန်းထားသည့် ခြောက် ပွင့်ဆိုင်တွေ့ဆုံပွဲ မည်သည့်အချိန်တွင် ထပ်မံပြုလုပ်မည်ဆိုသည်ကိုမူ ၎င်းအနေဖြင့် မသိ ရှိရသေးဟုလည်း ခြောက်ပွင့်ဆိုင်ဆွေးနွေး ပွဲတွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်များကိုယ်စားပါဝင်နေသည့် ဒေါက်တာ အေးမောင်က ပြောကြားသည်။
 နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ အေးမောင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို ဧပြီလအတွင်းက ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ထပ်မံပြုလုပ်နိုင်ခြင်း မရှိချေ။

“လွှတ်တော်ဘက်က တောင်းဆိုတဲ့ဟာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ ကြားတာ က လွှတ်တော်မကျင်းပမီ နှစ်ရက် သုံးရက် လောက်မှာတောင်တွေ့ဖို့ ဒီဘက်က မေတ္တာရပ်ခံတာရှိပါတယ်။ ဟိုဘက်ကတော့  ရှောင်ခဲ့တဲ့ သဘောပဲထင်ပါတယ်။ လွှတ်တော် ကျင်းပပြီး တစ်ပတ်လောက်အတွင်းမှာ တွေ့ဖို့ကလည်း ကာကွယ်ရေးဦးစီးချုပ်က ခရီးလွန်နေတဲ့သဘောဖြစ်တာကိုး။ အဲဒီတော့ ဒီအပတ်မှာ သိတဲ့အတိုင်းပဲ နိုင်ငံရေးပါတီများစွာနဲ့ တွေ့ဆုံပွဲသဘော အခင်းအကျင်းတစ်ခုကို လုပ်တဲ့သဘောဖြစ်သွားတာပေါ့။ ရည်ရွယ်ချက်ကတော့ သမ္မတရုံးကပဲ သိပါလိမ့်မယ်။ လက်ရှိနိုင်ငံရေးအခင်း အကျင်းလေးတွေကတော့ဖြင့် စိုးရိမ်စရာတွေ အများကြီးရှိတာပေါ့”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
အောင်ဇော်ထွန်း Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template