Headlines News :
Home » » ပင်လယ်ဓားပြနှိမ်နင်းရေး ဂျပန်-ဗီယက်နမ် ပူးတွဲစစ်ရေးလေ့ကျင့်

ပင်လယ်ဓားပြနှိမ်နင်းရေး ဂျပန်-ဗီယက်နမ် ပူးတွဲစစ်ရေးလေ့ကျင့်

Written By Live100 on Sunday, May 17, 2015 | 12:38 PM





ပင်လယ်ဓားပြ နှိမ်နင်းရေးအတွက် ရည်ရွယ်ပြီး ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ ဗီယက်နမ် တပ်ဖွဲ့တွေ ၅ ရက်တာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
အရှေ့တောင် အာရှဒေသတွင်းက နိုင်ငံတွေ ပင်လယ်ရေကြောင်းနဲ့ လေကြောင်း သွားလာရေးမှာ ဘေးကင်းလုံခြုံမှု ရှိစေဖို့ ဂျပန်က အကူအညီပေးမယ်ဆိုပြီး ၀န်ကြီးချုပ် ရှင်ဇို အာဘေးက ပြောဆိုအပြီးမှာ ဗီယက်နမ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်ပါတယ်။
အခုလို စစ်ရေးလေ့ကျင့်တဲ့အချိန်ဟာ တရုတ်ကလည်း တောင်တရုတ်ပင်လယ်ထဲက စပရတ္တလေ ကျွန်းစုတွေမှာ ကိုယ်ပိုင်နယ်မြေတွေ ဖန်တီးနေလို့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က စိုးရိမ်နေချိန် ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုမှာ ဂျပန်နဲ့ မသက်ဆိုင်ပေမယ့် ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှု ကျယ်ပြန့်လာမှာကို ဂျပန်ကလည်း စိုးရိမ်နေတာပါ။
တောင်တရုတ်ပင်လယ် ရေပြင်အားလုံးကို တရုတ်က သူ့အပိုင်လို့ ပြောနေသလို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့ကလည်း ဆက်စပ်နေတဲ့ ရေပြင်တွေကို သူတို့ အပိုင်လို့ ဆိုနေပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template