မေလ ၂၃
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် မိမိမှာ တစ်စုံတစ်ရာ
ဆက်နွယ်ပတ်သက်မှု မရှိတော့ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို
ထမ်းဆောင်ခဲ့သူ ခိုင်သူခမှ မေလ ၂၁ ရက်နေ့က ထုတ်ပြန် ကြေငြာသည်။
ခိုင်သုခ ထုတ်ပြန်ကြေငြာချက်ထဲတွင် ယခုလို ဖော်ပြသည်။
“ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP တွင်၂၁၀၅ မေလ အထိ
အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သည့် အကျွန်ခိုင်သုခသည်
ပါတီပိုင်ရှင်များနှင့် အဆင်မပြေသည့် အတွက် ပါတီတာဝန်များမှ
နုတ်ထွက်အနားယူနေခဲ့သည်မှာ တနှစ်တိတိ ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့်
အကျွန်ခိုင်သုခသည် ယခုအချိန်တွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)နှင့်
လုံးဝ ဆက်စပ် ပတ်သက်မှု မရှိတော့ပါကြောင်း အများပြည်သူ သိရှိစေရန်နှင့်
မိတ်ဆွေ အဖွဲ့အစည်းများအားလုံး သိရှိနိုင်စေရန် အသိပေး ထုတ်ပြန်
ကြေငြာအပ်ကြောင်း” ဖော်ပြသည်။
၎င်းပြင် ခိုင်သုခမှ မှတ်ချက်တွင် အောက်ပါအတိုင်းလည်း ရေးသားထားသည်။
“ ALP မှ နုတ်ထွက်ခဲ့သော်လည်း ရခိုင့်အမျိုးသား တော်လှန်ရေး
လမ်းကြောင်းထက်တွင် ဆက်လက် ရပ်တည်ကာ ရခိုင်အမျိုးသား ရပိုင်ခွင့်များအတွက်
စိတ်တူ ကိုယ်တူ မျိုးချစ်ညီအစ်ကိုများနှင့် လက်တွဲပြီး ဆက်လက် တိုက်ပွဲ
ဝင်လားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်” ဟု ပါရှိသည်။
ယခု ပါတီမှ နုတ်ထွက်ခဲ့သော ခိုင်သုခသည် ၁၉၉၀ ၀န်းကျင်ကတည်းက ALP
ပါတီတွင် စတင် ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
နိရဉ္စရာ