Headlines News :
Home » » အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဖောက်မှုဖြင့် သေဒဏ်ချမှတ်

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဖောက်မှုဖြင့် သေဒဏ်ချမှတ်

Written By Live100 on Sunday, May 17, 2015 | 8:26 AM



အီဂျစ် သမ္မတဟောင်း မွတ်ဟာမက် မော်စီကို ထောင်ဖောက်မှုနဲ့ သေဒဏ်ချလိုက်ပါတယ်။

၂၀၁၁ ခုနှစ်က အီဂျစ်မှာ လူထုအုံကြွမှု ပေါ်ပေါက်နေတဲ့အချိန်က ထောင်ဖောက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။

တခြား အမှုသည် ၁၀၀ လောက်လည်း မော်စီလိုပဲ သေဒဏ်ချမှတ်ခံရဖွယ် ရှိပါတယ်။ မော်စီဟာ သူအာဏာရှိတဲ့အချိန်က ဆန္ဒပြသမားတွေကို ဖမ်းဆီးညှဉ်ပန်းမှုအတွက် ထောင်ဒဏ် နှစ် ၂၀ လည်း ချမှတ်ခံထားရပါတယ်။

အခု သေဒဏ်အမိန့်ကိုတော့ ကိုင်ရိုမြို့ပေါ်က ရဲသင်တန်းကျောင်း တရားရုံးက ချမှတ်လိုက်တာ ဖြစ်ပြီး သေဒဏ်ဖြစ်လို့ Mufti လို့ ခေါ်တဲ့ အီဂျစ်ရဲ့ အမြင့်ဆုံး ဘာသာရေးအာဏာပိုင်အဖွဲ့ရဲ့ သဘောထား အမြင်လိုအပ်ပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင် မော်စီကို စွပ်စွဲထားတဲ့ တခြားအမှုတခုက ဟာမက်အဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်ပနိုင်ငံတွေအတွက် သူလျှိုလုပ်မှု ဖြစ်ပါတယ်။

မော်စီကို ထောက်ခံသူတွေကတော့ တမင်သက်သက် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အမှုဆင်တာလို့ မြင်ကြပါတယ်။

မော်စီဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ သမ္မတ ဖြစ်ပြီး သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြင်းထန်နေချိန် ၂၀၁၃ ဇူလိုင်လတုန်းက စစ်တပ်က ဖယ်ရှားတာကို ခံလိုက်ပါတယ်။

မော်စီကို ထောက်ခံသူတွေက ဒါကို စစ်တပ် အာဏာသိမ်းမှုအဖြစ် မြင်ကြပေမယ့် စစ်အစိုးရကို ထောက်ခံသူတွေကတော့ စစ်တပ်က  အစ္စလာမ္မစ်ဝါဒီတွေလက်ကနေ တိုင်းပြည်ကို ကယ်တင်တာလို့ ယူဆကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို မတရားအသင်း ကြေညာပြီး အဖွဲ့ခေါင်းဆောင်တွေ ထောက်ခံသူတွေလည်း ဖမ်းဆီးခံရလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ ထင်ရှားတဲ့ ပြိုင်ဘက်မရှိတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် အဒဲ ဖာတာ့ အယ်စီစီက ၀င်ပြိုင်တာ တခဲနက် အနိုင်ရခဲ့ပါတယ်။

မဲပေးတဲ့ ဦးရေကတော့ မဲပေးပိုင်ခွင့် ရှိသူထဲက (၄၆ ရာခိုင်နှုန်း) တ၀က်တောင် မပြည့်ပါဘူး။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template