Headlines News :
Home » » အမေရိကန်မှကျူးဘားနိုင်ငံအထိ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပ

အမေရိကန်မှကျူးဘားနိုင်ငံအထိ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပ

Written By Live100 on Sunday, May 17, 2015 | 2:28 PM

 
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ကနေ ကျူးဘားနိုင်ငံအထိ ရွက်လွှင့်ပြိုင်ပွဲကို မေ ၁၆ ရက်နေ့ အစောပိုင်းက ပြုလုပ်ပါတယ်။
ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးမှ ကျင်းပနိုင်တာဖြစ်လို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ဖြစ်ပါတယ်။
ပြိုင်ပွဲကို စီစဉ်သူ George Bellenger က “ဒီနေ့ပွဲမှာ ထူးခြားတာက ဘာမှ အခက်အခဲမရှိဘဲ ခွင့်ပြုချက်တွေ အားလုံးကို ရရှိခဲ့ပြီး စီစဉ်ထားတဲ့ ရက်မှာပဲ ပြုလုပ်နိုင်တယ်” လို့ ပြောပါတယ်။
Havana Challenge လို့ နာမည်ပေးထားတဲ့ ပြိုင်ပွဲမှာ အမေရိကန် အသင်းငါးသင်း ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ဖလော်ရီ ပြည်နယ် Key West မြို့ ကမ်းခြေကနေ ကျူးဘားမြို့တော် ဟာဗားနားအထိ ရွက်လွှင့်မှာ ဖြစ်ပါတယ်။
ကျူးဘားနဲ့ အမေရိကန်တို့ဟာ နှစ်ပေါင်း ၅၀ ကျော် ရန်သူတွေလို ဆက်ဆံခဲ့ရာကနေ လက်ရှိသမ္မတနှစ်ယောက်က သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template