နီပေါနိုင်ငံ တောင်ပေါ်ဒေသမှာ ငလျင်ဘေးဒုက္ခသည်တွေကို
ကယ်ဆယ်ကူညီပေးရင်းနဲ့ ပျက်ကျသွားတဲ့ အမေရိကန် စစ်ရဟတ်ယာဉ်နဲ့အတူ
စစ်သားအလောင်း ၈ လောင်းကို ပြန်တွေ့ရတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။
ရဟတ်ယာဉ်ပျောက်ကို ရှာနေတာ သုံးရက်အကြာမှာ ချာရီကော့ဆိုတဲ့ မြို့ရဲ့
မြောက်ဘက် တောနက်ထဲမှာ ပြန်တွေ့တာလို့ စစ်တပ် ပြောခွင့်ရှိသူက ပြောပါတယ်။
နီပေါစစ်သား အလောင်း ၂ လောင်းနဲ့ အမေရိကန် မရိန်း တပ်သားအလောင်း ၆
လောင်းကို အပျက်အစီးတွေ ကြားထဲကနေ ပြန်တွေ့ရတယ်လို့ ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ အလောင်းတွေကို ပြန်တွေ့ရတဲ့ နေရာဟာ လျှိုမြောင် တောနက်
အရပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၁၂၀၀ မြင့်တယ်လို့ ပြောပါတယ်။
စစ်သားအလောင်းတွေကို ကက်သမန်ဒူးက ဆေးရုံမှာ စစ်ဆေးပြီးရင် ချက်ချင်း
ပြန်သယ်မယ်လို့လည်း ပြောပါတယ်။ ရဟတ်ယာဉ်ကတော့ လုံးဝ ပျက်စီးသွားခဲ့ပါတယ်။
ီDVB