Headlines News :
Home » » တရားမဝင် ရွှေတူးဖော်နေသော ရွှေဖောင်များ ဖမ်းဆီးရမိ

တရားမဝင် ရွှေတူးဖော်နေသော ရွှေဖောင်များ ဖမ်းဆီးရမိ

Written By Live100 on Friday, May 22, 2015 | 10:50 PM










နေပြည်တော် ၊ မေ - ၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းမောင်းကျေးရွာ၏ အရှေ့ဘက်ရှိ ဘီးလင်းမြစ်အတွင်း တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများက မေ ၂၀ ရက် နေ့လည်ပိုင်းတွင် သွားရောက်စစ်ဆေးရာ တရားမဝင် ရွှေတူးဖော်နေသော ရွှေဖောင် ၅ စီးနှင့် တစ်ဖက် နိုင်ငံသား ၁၂ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ရွှေဖောင်များ၏ ရွှေတူးဖော်မှုကြောင့် ဘီးလင်းမြစ်ကြောင်းပြောင်းကာ ဝင်းမောင်းကျေးရွာ ဘုန်းကြီးကျောင်း အတွင်းရှိ စေတီအား ရေတိုက်စားလျက်ရှိသဖြင့် ကျေးရွာလူထုအနေဖြင့် ကန့်ကွက်ထား သော ရွှေဖောင်များဖြစ်ပြီး တရားဝင်ခွင့်ပြုချက် ရရှိထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။

တရားမဝင် ရွှေဖောင်များနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template