Headlines News :
Home » » NCA စာချုပ် အတွက် ကွဲလွဲချက်များ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေး
NCA စာချုပ် အတွက် ကွဲလွဲချက်များ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေး
Written By Live100 on Sunday, July 26, 2015 | 11:08 PM
Photo: Aung Moe Myint/RFA
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးစာချူပ်လက်မှတ်ရေးထိုးမယ် မရေးထိုးဘူးဆိုတာ ဆုံးဖြတ်ဖို့အပါအ၀င် သဘော တူညီမှုမရသေးတဲ့ချက်တွေကို ဆုံးဖြတ်နိုင်ဖို့အတွက် တိုင်းရင်းသား ထိပ်သီးခေါင်း ဆောင်တွေ ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစည်းအဝေး ကျင်းပနေပါတယ်။
နှစ်ရက်ကြာကျင်းပမည့် ဒီအစည်းအဝေးမှာ ၈ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ UPWC နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှု မရသေးတာတွေကို အဓိက ဆွေးနွေးသွားမှာဖြစ်တယ်လို့ အဆင့်မြင့် ညှိနှိုင်းဆောင် ရွက်ရေး ကိုယ်စားလှယ်အဖွဲ့က ဒုတိယ ခေါင်းဆောင် ပူးဇင်ကျုံး က RFA ကို အခုလို ပြောဆို ပါတယ်။
"ဒီ စင်းဂဲတက်စ်ထဲမှာပါတဲ့ သဘောတူညီမှု မရသေးတဲ့ အချက်တွေကတော့ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းဆိုတဲ့ကိစ္စရယ်၊ နောက်ပြီးတော့မှ ပါလီမာန်မှာ ဘယ်လို ဖြတ်သန်းမယ်၊ လွတ်တော်မှာ အတည်ပြုချက် ဘယ်လိုရယူမယ်ဆိုတဲ့ ကိစ္စရယ် နောက်ကျနော်တို့ အကြီးစား စက်မှုစီမံကိန်းနဲ့ ပတ်သက်တဲ့ကိစ္စဖြစ် ပါတယ်၊ နောက် အဲ့ဒီ စင်းဂဲတက်စ် မှာမပါတဲ့ သီးသန့်အာဂျင်တာနဲ့ ကျနော်တို့ ထားတဲ့ အချက် ၃ ချက်ကတော့ အားလုံးပါဝင်ရေးမူ ဘယ်သူတွေ လက်မှတ်ထိုးကြမယ်ဆိုတဲ့ကိစ္စ၊ နောက်ကျနော်တို့ အသိသက်သေကိစ္စ နောက် ဒီစာချူပ်စာတမ်းထဲမှာ ဘယ်သူတွေက လက်မှတ်ထိုးကြမယ် ဆိုတဲ့ကိစ္စဖြစ် ပါတယ်၊ ဒါတွေ ဆွေးနွေးတာ ဖြစ် ပါတယ်"
ဒီအစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း ဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ က ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ဆုံးဖြတ်ချက်ပေးနိုင်မယ့် ထိပ်သီး ခေါင်းဆောင်သုံးဦးစီပါဝင်တဲ့ အဖွဲ့ဝင် ၆၀ နီးပါးတက်ရောက်နေတာတွေ့ရပါတယ်။
ဒါဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေး မပါဝင်ရေး ကိစ္စကို ဒီထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ အစည်းအဝေးကနေပြီး တစ်ခါတည်း အပြီးသတ် ဆုံးဖြတ်ချက်ပေးသွားဖို့ ရှိတယ်လို့လည်း ပူးဇင်ကျုံး က ဆက်ပြောပါတယ်။
"ကျနော်တို့ လောခီးလာလိုညီလာခံကြီးမျိုး ပြန်ခေါ်ဖို့ဆိုတာ သိပ်ပြီးတော့ မလွယ်ဘူး၊ အချိန်ပေးရတာ လည်း တော်တော်များများပေးရတယ်၊ အဲဒီလိုမျိုးပွဲကြီးတွေ လုပ်ဖို့ ဆိုတာ ကတော့ ကျနော်တို့အနေနဲ့ ဒီအချိန် မှာတော့ အကန့်အသတ်လေးတွေရှိတဲ့ အတွက်ကြောင့်မိုလို့ ခပ်မြန်မြန် ခပ်သွက်သွက်လေး စာချူပ်ကြီး ပြီးမြောက် သွားအောင် အဖွဲ့စည်းအတိုင်းက ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါလို့ရှိရင် ချက်ချင်း ကျနော်တို့ တုန့်ပြန်လို့ရတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ကွန်မန်းစင် တာပေါ့ ကျနော်တို့လုပ်တာ ဖြစ်ပါတယ်။ ဒီ Command Centre မှာ ကျနော်တို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ လာစုတာဖြစ်ပါတယ်၊ ဒီပုဂ္ဂိုလ်တွေကနေပြီးမှ ကျနော်တို့ ဆုံးဖြတ်ပါလိမ့်မယ်၊ တကယ်လို့ များ အဖွဲ့အစည်းအသီးသီးက ကိုယ့်အဖွဲ့အစည်းရဲ့ သဘောထားကို ရယူမယ်ဆိုရင် ကျနော်တို့ တိုက်ရိုက်သူတို့ ဆက်သွယ်ပြီးမှ သူတို့ရဲ့ သဘောထား ယူပြီးမှ တစ်ခါတည်း ပြီးပြတ်သွားအောင် ဆောင်ရွက်ဖို့ စုစည်းနေကြတာဖြစ် ပါတယ်"
အစိုးရဖက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးတဲ့အခါမှာ အပစ်အခတ် ရပ်စဲရေးသဘောတူစာချူပ်ချူပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၄ ဖွဲ့နဲ့ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့ကို  (၁၄ အပေါင်း တစ်) ဆိုပြီး NCA လက်မှတ်ထိုးဖို့ လိုလားကြောင်း တင်ပြထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကတော့ နောက်ဆုံးအဆင့် အားလုံးပါဝင် လက်မှတ်ထိုးရေး အတွက် အစိုးရနဲ့ ညှိနှိုင်းမှုမရခဲ့ရင် နောက်ဆုံးအဆင့် အနေနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF အပါအ၀င် ၁၅ အပေါင်း တစ် ဆိုပြီး လက်ခံပေးဖို့ တောင်းဆိုသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီကိစ္စကိုတော့ ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက် ရယူပြီး မနက်ဖြန် ဇူလိုင်လ ၂၇ ရက်နေ့မှာ MPC မြန်မာ ငြိမ်းချမ်းရေးစင်တာ က ဦးလှမောင်ရွှေ ဦးဆောင်တဲ့ နည်းပညာအလုပ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
DVB
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template