Headlines News :
Home » » သဘာဝဘေးမှာတနိုင်ငံတည်းဖြစ်ခြင်းမဟုတ်၊ ဆုံးရှုံးမှုနဲအောင်လုပ်မည်ဟု သမ္မတဆို

သဘာဝဘေးမှာတနိုင်ငံတည်းဖြစ်ခြင်းမဟုတ်၊ ဆုံးရှုံးမှုနဲအောင်လုပ်မည်ဟု သမ္မတဆို

Written By Live100 on Friday, July 31, 2015 | 6:06 PM


ဧရာဝတီ
သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံတည်း ဖြစ်ပွား ခြင်း မဟုတ်ဘဲ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားနေကြရ ပါကြောင်း၊တာဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်သွား နိုင်ပါကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်သည့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက် ရေး ဗဟိုကော်မတီ အစည်းအဝေးတွင်ပြောကြားသည်။
ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန က ပို့ဆောင်ရေး ၀န်ကြီး ဌာန မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိုးလေ၀သသတင်း များကို ရုပ်မြင်သံကြားနှင့် သတင်းစာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှုများဆောင် ရွက်လျက်ရှိ ပါကြောင်း၊ လတ်တလော ဆောင်ရွက် ရမည့်အပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဖြစ်ပြီး အစားသောက်နှင့် အ၀တ်အထည် ထောက်ပံ့ပေးခြင်း၊ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများ တွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက် ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်း၊ စာသင် ကျောင်းများတွင် ပျက်စီးဆုံးရှုံး သွားသည့် စာအုပ်စာစောင်များကို ဖြည့်တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်း ဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများကို အမြန်ပြန်လည်တည်ဆောက် ပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ လတ်တလောသွား လာရေး အဆင်ပြေမှုရှိစေရန် ဘေလီတံတားတည်ဆောက်ပေးခြင်းမျိုး ကဲ့သို့ စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းဆိုသည်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကတပ်မတော်လေယာဉ် Y-8 တစ်စီးကို မိတ္ထီလာမြို့တွင်လည်းကောင်း၊ MI-17 ရဟတ်ယာဉ် ၃ စီးကို မုံရွာမြို့တွင် တစ်စီးနှင့် ကန့်ဘလူမြို့တွင် ၂ စီး ဖြန့်ခွဲထားရှိပြီး၊ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင်နှင့် အဖျောက် မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့် တစ်ရင်း ၃ ရင်းကို ယာဉ်အကြီး ၂၀၊ ဂျွန်ဆင်စက်လှေ ၁၀ စီး၊ သံလျင်၊ ဒလနှင့် မှော်ဘီ တပ်နယ်များတွင် တပ်နယ်တစ်ခုစီ၌ ယာဉ်အကြီး ၅ စီးစီနှင့် ဂျွန်ဆင်စက်လှေ ၅ စီးစီဖြင့်လည်းကောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် မော်တော်ယာဉ် အစီး ၄၀၊ အနောက်တောင် တိုင်း စစ်ဌာန ချုပ်နယ်မြေ ကွင်းကောက်ဒေသ တွင် ယာဉ် အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ထည်၊ ဟင်္သာတမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီ ၅၀ ထည်၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ ထည်၊ ညောင်လေး ပင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည်၊ ရွှေကျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည် တို့ကိုအသင့်ပြင်ဆင်စုဖွဲ့ထားရှိပါကြောင်းပြောသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template