Headlines News :
Home » » သုံးရက် အတွင်း မိုးကြီးမည့် ဟု သတိပေးချက် ထုတ်ပြန်

သုံးရက် အတွင်း မိုးကြီးမည့် ဟု သတိပေးချက် ထုတ်ပြန်

Written By Live100 on Monday, July 27, 2015 | 10:35 PM


မုန်တိုင်းငယ်သတင်းမြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်.......
သုံးရက် အတွင်း မိုးကြီးမည့် ဟု သတိပေးချက် ထုတ်ပြန်
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)၊၂၀၁၅(၂၇.၇.၂၀၁၅)

မုန်တိုင်းငယ်၏လက်ရှိအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ၊ ယမန့်နေက ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း တွင်ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်း
မရှိဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်-အနောက် တာင်ဘက် မိုင်(၉၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၁၄၀)ခန့်နှင့်စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့် ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၃း၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၂၂.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၄၀)နှုန်းဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာပြီး၊
ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က)မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template