Headlines News :
Home » , » ကော့သောင်း အ.ထ.က (၁) ကျောင်းချိန်ပြောင်း

ကော့သောင်း အ.ထ.က (၁) ကျောင်းချိန်ပြောင်း

Written By Live100 on Thursday, July 30, 2015 | 11:10 PM

ကော့သောင်း အ.ထ.က ၁ ကျောင်းသူကျောင်းသားများကို တွေ့ရစဉ်
ဓာတ်ပုံ - နိုင်သစ် / Dawei Watch

|Dawei Watch| ကော့သောင်း၊ ဇူလိုင် ၂၆

ပြီးခဲ့သည့် နှစ်များက ကျောင်းချိန်ကို နေ့တစ်ဝက် သတ်မှတ်သည့် ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ အ.ထ.က (၁)တွင် လာမည့် တနင်္လာနေ့၊ ဇူလိုင်လ ၂၇ ရက်နေ့မှ စပြီး တစ်နေ့လုံးကျောင်းအဖြစ် ကျောင်းချိန် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ယင်းကျောင်းတွင် ပညာသင်နေသည့် ကျောင်းသူကျောင်းသားများ၏ မိဘများထံမှ သိရသည်။

၎ တန်း၊ ၈ တန်း၊ ၉ တန်းနှင့် ၁၀ တန်း များအတွက် ကျောင်းချိန်ကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“ကျောင်းသား​တွေ အကုန်လုံးက သူ့အတန်း အလိုက် အရေးကြီးပါတယ်၊ ကျောင်းဆောင်အနေအထားအရ အတန်းကြီး တွေကိုပဲ အချိန်ပြောင်းခဲ့တယ်”ဟု အသစ်ရောက်လာသည့် ကျောင်းအုပ်ဆရာကြီးက ကျောင်းသား မိဘများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကျောင်းသား အရေအတွက် များသည့်အတွက် ယခင်က ၄တန်း၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းများအတွက် ကျောင်းချိန်ကို နံနက် ၆ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အထိ သတ်မှတ်ပြီး ကျန်အတန်းများအတွက် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ခဲ့သည်။

“​ကောင်းတယ်​လို့ မြင်​တယ်​၊ အရင်တုန်းကလည်း ကျောင်းချိန်က ဒီအတိုင်းပဲ၊ နောက်ပိုင်းလည်း အတန်းတိုင်းအတွက် ဒီအချိန်ပဲ ဖြစ်သင့်တယ်”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစိုးသိန်းက ဆိုသည်။

ကော့သောင်း အ.ထ.က ၁ တွင် ပင်မဆောင်အပါအ၀င် ကျောင်းဆောင် ၄ခုရှိပြီး ကျောင်းသူကျောင်သား ၁၈၅၈ ဦး ပညာ သင်ကြားလျက်ရှိသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template