Headlines News :
Home » » မိုးသည်းထန်စွာရွာသွန်း၍ ကစ္ဆပနဒီ မြစ်ရေ တက်မှုကြောင့် ကျောက်တော်မြို့နယ် အတွင်း ရေကြီးမှုဖြစ်ပေါ်

မိုးသည်းထန်စွာရွာသွန်း၍ ကစ္ဆပနဒီ မြစ်ရေ တက်မှုကြောင့် ကျောက်တော်မြို့နယ် အတွင်း ရေကြီးမှုဖြစ်ပေါ်

Written By Live100 on Monday, July 27, 2015 | 10:54 PM

 ကျောက်တော် ဇူလိုင် ၂၇

 ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း၌ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ နေ့လည်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် တောင်ကျရေများ စီးဝင်ခြင်း၊ ကစ္ဆပနဒီမြစ်မှ မြစ်ရေများ လျှံတက် လာမှုကြောင့် ကျောက်တော်မြို့ပေါ်ရှိ မြစ်ကမ်းနားတစ်လျှောက်နှင့် ကျေးရွာအချို့တွင်
 ရေလျှံမှုများဖြစ်ပေါ်လျက် ရှိပြီး ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီအချိန် တိုင်းထွာချက် အရ မြစ်ရေ အမြင့်မှာ ကစ္ဆပနဒီမြစ်၏ မူလစိုးရိမ်ရေမှတ် (၅၅၀)စင်တီမီတာထက် (၈)စင်တီမီ တာ ကျော်လွန်လာခြင်းကြောင့် (၅၅၈)စင်တီမီတာဖြစ်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းထိ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်။ ဆက်လက်၍ မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် (၅၇၂)စင်တီမီတာထိ မြင့်တက်လာကြောင်း သိရှိရသည်။



အဆိုပါ ရေလျှံမှုကြောင့် မြို့ပေါ် မြို့သစ်ရပ်ကွက် ပန်းဘဲတန်း၊ မြစ်ကမ်းနား တစ်လျှောက်ရှိ ဈေးဆိုင်ခန်း များနှင့် ကျေးရွာများဖြစ်သော ကွန်းအုံချောင်း၊ ပုဏ္ဏားရွာ၊ ဘုရားပေါင်း၊ ကြောင်စွယ်ဖြူ၊ ပြောင်းဆိပ်၊ ခွဆုံ၊ ဘရာဝါ၊ အောင်ဇေယျ၊ ချောင်းတူ၊ ပန်းဖဲချောင်း၊ ကန်စောက်၊ သရက်တပင်၊ ရွာမပြင် စသည့် ကျေးရွာများ ရှိ နေအိမ်များ သို့ ချောင်းရေ၊ မြစ်ရေများ (၂)ပေမှ (၃)ပေခန့်ထိ ၀င်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template