Headlines News :
Home » » လေဆင်နှာမောင်း တိုက်ခတ်၍ စစ်တွေမြို့မင်းဂံတွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး

လေဆင်နှာမောင်း တိုက်ခတ်၍ စစ်တွေမြို့မင်းဂံတွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး

Written By Live100 on Monday, July 27, 2015 | 10:36 PM



စစ်တွေ၊ ဇူလိုင် ၂၆

ဇူလိုင်လ ၂၆ ရက်နေ့ ညနေဘက်တွင် လေဆင်းနှာမောင်းတိုက်ခတ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၁၃) နှင့် (၁၄) တွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး ဆုံးရှုံးသွားဟု သတင်းရရှိသည်။

“ညနေ လေးနာရီ ခွဲခန့်က တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က လေယာဉ်လာသလို မီးရထားလာသလို အသံအကျယ်ကြီးကြားရပြီး လေဆင်နှာမောင်းဝင်တိုက်သွားပါတယ်။ ငါးမိနစ်လောက်ဘဲ ကြာမယ် ထင်ပါတယ်”ဟု အိမ်ပျက်စီးသွားသူများထဲမှ တစ်ဦးဖြစ်သူ ဦးထွန်းစိုးအောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းဂံအကွက် (၁၃) မှ အိမ်တစ်ဆောင်နှင့် မင်းဂံအကွက် (၁၄) မှ စာသင်ကျောင်းတစ်ဆောင် မြေကြီးတွင် ပြားပြားဝပ်ပြီး လုံးဝပျက်စီးသွားခဲ့သည်ဟု သိရသည်။ သို့သော် စာသင်ချိန်မဟုတ်၍ ကျောင်းသားများ ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

“လေဆင်နှာမောင်းတိုက်တော့ မြေးကလေးနဲ့ ကျွန်မအိမ်အောက်ကို ၀င်ပြေးပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး တုန်နေပါတယ်။ နောက်မှ မြေးကလေးလက်ကိုဆွဲပြီး ထွက်ပြေးပါတယ်။ အိုးခွက် ပန်းကန်းတွေအားလုံး လေထဲလွင့်ပါသွားပါတယ်။ အခုနေစရာမရှိဖြစ်နေပါတယ်”ဒေါ်လှမြခိုင်က နိရဉ္စရာသတင်းဌာနသို့ပြောသည်။

တချို့မိသားစုများသည် ပျက်စီးသွားသော အိမ်ကိုစွန့်ခွာပြီး ဆွေမျိုးများအိမ်တွင် သွားနေကြသော်လည်း ဒေါ်လှမြခိုင်မှာ နေစရာမရှိဖြစ်နေသည်ကို တွေ့ရှိရသည်။

“လေတိုက်တာ ဆိုင်ကယ်ကယ်တောင် လွင့်ထွက်သွားပါတယ်။ ကြက်ခြံနဲ့ အ၀တ်ဗီဒိုတွေ အကုန်လုံး ပျက်စီးသွားပါတယ်။ ပန်းကန်ကွဲက ကျွန်တော့်အစ်မ မအေးယဉ်ခြေထောက်ကို ထိပြီး ဒဏ်ရာအနည်းငယ် ရရှိသွားပါတယ်”ဟု အိမ်ပျက်စီးသွားသူတစ်ဦးက ပြောသည်။

လေဆင်နှာမောင်း တိုက်ခိုက်ပြီး မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး အိမ်ကိုဓါတ်ပုံရိုက်ကာ အိမ်ပိုင်ရှင်နာမည်နှင့် မှတ်ပုံတင်နံပါတ်များကို မေးမြန်းသွားခဲ့ပြီး၊ သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ ကူညီခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

စံမောင်သန်း
Narinjara
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template