Headlines News :
Home » , » မြန်မာ ယူ ၁၆ အသင်း ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်နိုင်

မြန်မာ ယူ ၁၆ အသင်း ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်နိုင်

Written By Live100 on Saturday, August 1, 2015 | 10:30 PM

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၃၇ မိနစ်မှာ မြန်မာ အသင်းကစားသမား ဟိန်းထက်အောင်က အဖွင့်ဂိုး စတင်သွင်းယူသွားတာဖြစ်သလို ဒုတိယပိုင်း ၄၄ မိနစ်မှာ ၀င်းနိုင်ထွန်းက ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ပထမဂိုးသွင်းယူပြီးတဲ့နောက် မြန်မာအသင်းက ဖိကစားထားခဲ့သလို အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့အတွက် ပထမပိုင်းမှာ ၂ ဂိုးနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကွင်းတ၀က်ဖိကစားပြီး ဖိလစ်ပိုင်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော် အားနည်းနေပါတယ်။ ဖိလစ်ပိုင်အသင်းကလည်း အခွင့်အရေး တချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပွဲပြီးခါနီးမှာတော့ မြန်မာအသင်းက နောက်ထပ်တဂိုးသွင်းယူခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မြန်မာအသင်းက ပထမပွဲစဉ်မှာ စင်ကာပူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားထားပြီး ၃ မှတ် ရရှိထားပါတယ်။
ဖိလစ်ပိုင်က ကမ္ဘောဒီးယားကို ၁-၀၊ စင်ကာပူကို ၄ ဂိုး ၁ ဂိုးနဲ့ ၂ ပွဲကစား ၂ ပွဲရှုံးထားပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template