Headlines News :
Home » » ကရင်နိုင်ငံရေး ပါတီ ၆ ခု ရွေးကောက်ပွဲ ၀င်မည်

ကရင်နိုင်ငံရေး ပါတီ ၆ ခု ရွေးကောက်ပွဲ ၀င်မည်

Written By Live100 on Wednesday, July 29, 2015 | 7:40 PM



ထားဝယ်ခရိုင် မေတ္တာမြို့နယ်အတွင်း ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မှ ပြခန်းတစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - တင့်လွင် / Dawei Watch

|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၂၆
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အပြင် ကရင်လူမျိုးများရှိသည့် အခြားတိုင်းနှင့် ပြည်နယ်တို့တွင် ကရင်နိုင်ငံရေးပါတီ ၆ ခု ဝင်ပြိုင်ရန် ပြင်ဆင်နေကြပြီဟု ယင်းပါတီ ခေါင်းဆောင်များထံမှ သိရသည်။
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ခဲ့သည့် ကရင်ပြည်သူ့ ပါတီကတော့ လာမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၆ ခုတို့တွင် ကိုယ်စားလောင်း ၁၀၀ ကျော်ဖြင့် ဝင်ပြိုင်မည့် ပါတီအထွေထွေအတွင်းရေးမှူး စောစေးဝါးက ပြောသည်။
“ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် အဲဒီ ၆ ခုမှာ ဝင်ပြိုင်မယ်၊ အရေ အတွက်ကတော့ ၁၁၀ ဝန်းကျင်လောက်ရှိမယ်” ဟု ၄င်းက ပြောသည်။
ကရင်ပြည်သူ့ ပါတီသည် ၂၀၁၀  ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် ၄၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၆ နေရာ အနိုင်ရရှိ ထားသည့် ပါတီဖြစ်သည်
၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် ၁၈ ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၉ နေရာ အနိုင်ရရှိထားသည့် ကရင်နိုင်ငံရေး ပါတီကြီး တစ်ခုဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကလည်း ကရင်ပြည်နယ်အပြင် မွန်ပြည်နယ်တို့တွင် ဝင်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်  ၆၀ ခန့် ဝင်အရွေးခံသွားမည်ဟု ပါတီ ဥက္ကဋ္ဌ စောသိန်းအောင်က ပြောသည်။
ရန်ကုန်မြို့၊ အင်းစိန်အခြေစိုက် ကရင်အမျိုးသားပါတီကလည်း ရန်ကုန်တိုင်းတွင် မြို့နယ်နှစ်ခု၊ ဧရာဝတီတိုင်းတွင် မြို့နယ် ၅ ခု တို့တွင် ၀င်ရောက် ယှဉ်ပြိုင်သွားရန်ရှိပြီး ဝင်ပြိုင်မည့် ကိုယ်စားလှယ်အရေအတွက်ကို အတည်မပြုရသေးဟု ပါတီတွဲဘက် အတွင်းရေးမှူး မန်းမင်းရဲထွေးက ပြောသည်။
“ဒီမိုကရေစီ လမ်းအတိုင်းသွားမယ့် ပါတီတွေ အနိုင်ရဖို့ အရေးကြီးတယ်”ဟု မန်းမင်းရဲထွေးက ဆိုသည်။
ထို့အတူ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီလည်း ကရင်ပြည်နယ်အတွင်းတွင် မဲဆန္ဒနယ် ၁၄ ခုမှာ ၀င် ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲမှသာ ဝင်ပြိုင်မည့် စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီက ကရင်ပြည်နယ်တွင် မဲဆန္ဒနယ် ၆ နေရာမှာ ယှဉ်ပြိုင်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် မှတ်ပုံတင်ထားသည့် ကရင်တိုင်းရင်းသားပါတီ ၆ ခုမှာ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကရင် ဒီမိုကရက် တစ်ပါတီနှင့် စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်  ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီပေါင်း ၁၀၀ နီးပါးခန့်ရှိနေပြီး အများစုကတော့ တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေး ပါတီများ ဖြစ်ကြောင်း သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template