Headlines News :
Home » , » မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ် ပြန်လည်ရွေးချယ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ် ပြန်လည်ရွေးချယ်မည်

Written By Live100 on Monday, July 27, 2015 | 11:26 PM



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ် ပြန်လည်ရွေးကောက်တင်မြှောက်ဖို့ ရွေးကောက်ပွဲကို  လာမယ့် စက်တင်ဘာ ၂၆ ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၂ လ တိတိ ကြိုတင်ကြေညာရမှာ ဖြစ်သလို စက်တင်ဘာ ၂၆ မှာ ညီလာခံလုပ်ဆောင်ပြီး လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ပြောပါတယ်။
ဖီဖာက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအရမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနေရာကို ပြန်လည်ရွေးကောက်တင်မြှောက်ရတာလို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံလိုသူက မြန်မာနိုင်ငံသား ဖြစ်ရမှာ ဖြစ်သလို ဘောလုံးလောကမှာ အနည်းဆုံး ၅ နှစ် ပါဝင် ပတ်သက်ဖူးရမှာဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီ ၂ နှစ်ဆက်တိုက် ဘောလုံးလောကမှာ ပါဝင်ပတ်သက်ဖို့လိုပါတယ်။
ဥက္ကဋ္ဌသစ်နေရာအတွက်  မြန်မာနေရှင်နယ်လိဂ်က ကလပ် အသင်းပိုင်ရှင်တချို့ ၀င်ပြိုင်မယ်လို့ သတင်းတွေထွက်နေပေမယ့် ဘယ်လို ပုဂ္ဂိုလ်တွေ ၀င် အရွေး ခံမယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲအတွက်  ၅ ဦးပါ ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဒီကော်မရှင်မှာ  ဥက္ကဋ္ဌ ဦးဇော်မင်းစိန်၊ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်နဲ့ အဖွဲ့ဝင်တွေအဖြစ် ဦးစိုးမြင့်၊ ဦးခင်မောင်မြင့်နဲ့ ဦးသန်းထွန်းတို့ ပါဝင်ပါတယ်။
လက်ရှိ မြန်မာ့ ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌ နေရာကို  ဦးဇော်ဇော်ဟာ ၂၀၀၅ ခုနှစ်က စပြီး တာဝန်ယူခဲ့တာဖြစ်ပါတယ်။
ီDVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template