Headlines News :
Home » » “မုံရွာ ကမ်းနားတွင် မြစ်ရေတိုက်စားသဖြင့်ကျောက်စီရေထိန်းနံရံ အနည်းငယ်အက်”

“မုံရွာ ကမ်းနားတွင် မြစ်ရေတိုက်စားသဖြင့်ကျောက်စီရေထိန်းနံရံ အနည်းငယ်အက်”

Written By Live100 on Friday, July 31, 2015 | 12:20 AM



မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပြီး
ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက လှိုင်းပုတ်သဖြင့် မုံရွာမြို့ဆုတောင်းပြည့်
ဘုရားကြီး အနောက်ဘက်မုဒ်အနီးရှိ စက်လှေ ဆိပ်တွင် ကျောက်စီရေထိန်းနံရံ အက်သွားခဲ့ကာ သဲအိတ်များဖို့ခဲ့ရကြောင်း သတင်းရရှိ သည်။
“ချင်းတွင်းတာရိုးတစ်လျှောက်ရေကင်းတွေဖွင့်ပြီးနေ့ရောညပါစောင့်ကြည့်နေရတယ်” ဟုမုံရွာမြို့နယ်စီမံခန့်ခွဲ မှု ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်စိုးက ပြောကြား
သည်။
ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၃၀ရက် မွန်းလွဲတစ်နာရီ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ ၁၀၀၉ စင်တီမီတာသို့ရောက်ရှိနေသည် ။မိုးများအဆက်မပြတ် ရွာသွန်းနေသည့်ကြား မှ မြစ်ရေမြင့်တက်လာသည်ကိုကမ်းနားတစ်လျှောက်လာရောက်ကြည့် ရှု့သူများဖြင့် စည်ကားနေ သည်ဟု ဒေသခံများကပြောကြားသည်။ချင်းတွင်းမြစ်ရေမှာ မုံရွာမြို့ မျက်နှာပြင်ထက် ကျော်လွန်နေပြီဖြစ်ပြီး မြို့ခံများက ရေလွှမ်းမိုးခံရမည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်လျှက်ရှိသည်။
ဓာတ်ပုံ- မျိုးမင်းဦး
7 Day
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template