Headlines News :
Home » » ရခိုင် တွင် မြို့နယ် ၇ ခုလုံး ရေကြီး၊ ၉ ဦးသေ

ရခိုင် တွင် မြို့နယ် ၇ ခုလုံး ရေကြီး၊ ၉ ဦးသေ

Written By Live100 on Saturday, August 1, 2015 | 10:37 PM


ရခိုင်ပြည်နယ်၊ မြို့နယ် ၇ ခုမှာ ရဟတ်ယာဉ်ဆင်းဖို့ နေရာမရှိတဲ့ထိ ရေကြီးနေပြီး ရေဘေးကြောင့် သေဆုံးသူ ၉ ယောက်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ မြို့ပေါ်နဲ့ ကျေးရွာတွေမှာပါ ရေကြီးနေတယ်လို့ သူက ပြောပါတယ်။
“ရွာလုံးကျွတ် မဟုတ်ဘူး မြို့ပါ မြုပ်နေတာ၊ အကုန်မြုပ်နေတာ၊ ရဟတ်ယာဉ်ဆင်းမယ်ဆိုရင်တောင် ဆင်းဖို့ နေရာ မရှိဘူး။ ရေက ၁၀ ပေ၊ ၁၅ ပေ အဲ့လိုမြုပ်တာလဲ မဟုတ်ဘူး၊ ၃ပေ – ၄ပေ လောက်ပေါ့။ ထွေအုပ်ရုံးတွေဆိုရင် ၄ ပေလောက်ရှိတယ်၊ ရေ ၄ ပေဆိုတော့ မြုပ်တာပေါ့ဗျာ၊ ရုံးမြုပ်တာပေါ့၊ တချို့ နိမ့်တဲ့နေရာတွေဆို ခေါင်မိုးလောက် မြှုပ်ပါတယ်။”
မုန်တိုင်းအဖျားခတ်တာရယ်၊ မိုးကြီးတာရယ်၊ ရေထရက် ဒီရေတက်တာရယ် ပေါင်းဆုံပြီး ရေကြီးတာလို့ ပြောပါတယ်။
မြောက်ဦးမှာ မြစ်ကို ဖြတ်ကူးချိန် လှေမှောက်လို့ ၄ ယောက်သေဆုံးပြီး ပုဏ္ဏားကျွန်းမှာ အိမ်ပေါ် သစ်ပင်ပိလို့ ၁ ယောက်သေ၊ ကျောက်တော်မှာ ၁ ယောက်၊ မောင်တောမှာ လှေမှောက်လို့ ၃ ယောက် စုစုပေါင်း ၉ ယောက်သေဆုံးတယ်လို့ ပြည်နယ်အစိုးရစာရင်းအရ သိရပါတယ်။
ပြည်နယ်အတွင်း လတ်တလော ယာယီကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်၊ လူဦးရေ ၁၈၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။
ဒီကိန်းဂဏန်းတွေက လက်ရှိရရှိထားတဲ့ စာရင်းဇယားတွေထက် တိုးလာဖို့ပဲ ရှိတယ်လို့ ပြည်နယ်အစိုးရက ခန့်မှန်းထားပါတယ်။
ရေကြီး ရေကျော်နေတဲ့အတွက် တမြို့နဲ့ တမြို့ ကူးသန်းသွားလာလို့မရဘဲ အလှူရှင်တွေလည်း သွားကူလို့ မရသေးတဲ့ အခြေအနေဖြစ်ပြီး  ရေကျမှပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။
ခန့်မှန်းခြေ နောက် ၂ ရက် ၃ ရက်လောက်မှာ ရေပြန်ကျနိုင်တယ်လို့ သိရပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template