နေပြည်တော်၊ နိုဝင်ဘာ ၃၀
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်၊
စစ်ကိုင်းတောင်တက်လမ်းတွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်နေ သွားဆရာဝန်
ဦးဌေးလွင်(၅၇)နှစ်မောင်းနှင်ပြီး မစန္ဒီ လိုက်ပါလာသည့် ၄၂ယ/×××× Scoopy
ဖြူ/နီကြားရောင်ဆိုင်ကယ်အား လားရာတူ မြောက်မှ တောင်သို့ အမည်မသိယာဉ်မောင်း
မောင်းနှင် လာသော 1J/×××× WISH အဖြူရောင်ယာဉ်က နောက်မှဝင်တိုက်ပြီး
ထွက်ပြေးမောင်းနှင်သွားခဲ့၍ ဦးဌေးလွင်နှင့် မစန္ဒီတို့တွင်
ဒဏ်ရာများအသီးသီးရရှိကာ ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူခဲ့ရသဖြင့်
စစ်ကိုင်းမြို့မရဲစခန်း ယာဉ်(ပ)၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့်
အမှုဖွင့်စစ်ဆေးခဲ့သည်။
အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ဦးဌေးလွင်မှာ မန္တလေးပြည်သူ့ဆေးရုံ၌
ဆေးကုသမှုခံယူနေစဉ် ၂၁-၁၁-၂၀၁၅ ရက်နေ့ ၁၀၃၀ အချိန် သေဆုံးသွားခဲ့၍
ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ သို့ ပြောင်းလဲ စစ်ဆေးခဲ့ရာ ၂၂-၁၁-၂၀၁၅ ရက်နေ့
၀၈၃၀ အချိန်တွင် စစ်ကိုင်းမြို့မရဲစခန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ဉာဏ်တင် ရောက်ရှိလာပြီး
ယာဉ်တိုက်မှုဖြစ်ပွားသည့် ၎င်း၏ 1J/×××× WISH အဖြူရောင်မော်တော်ယာဉ်နှင့်
အခင်းဖြစ်စဉ်က ယာဉ်အားမောင်းနှင်သည်ဆိုသူ ၎င်း၏ယောက်ဖ စစ်ကိုင်းမြို့၊
ပန်းဘဲတန်းရပ်ကွက်၊ အုတ်စက်ရပ်နေ သိန်းအောင်(၄၈)နှစ်အား အပ်နှံသဖြင့်
အမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ အခင်းဖြစ်ချိန်တွင် ယာဉ်မောင်းနှင်သူမှာ သိန်းအောင်
မဟုတ်ဘဲ ဒုရဲအုပ် ဉာဏ်တင် ကိုယ်တိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား
၃၀-၁၁-၂၀၁၅ ရက်နေ့ ၁၆၄၅ အချိန် အမှုဖြင့်ဖမ်းဆီးခဲ့ကြောင်း၊ ရေးဖွင့်ထားသည့်
ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အပြင် ဥပဒေ အကြံပြုချက်တောင်းခံရယူ၍
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ ဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း
ထပ်မံအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်က
ယာဉ်အားမောင်းနှင်ခြင်းမပြုဘဲ မောင်းနှင်ကျူးလွန်ခဲ့ကြောင်း
သူတစ်ပါးအယောင်ဆောင်ခဲ့သည့် ဒုရဲအုပ် ဉာဏ်တင်၏ယောက်ဖ သိန်းအောင် ကိုလည်း
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၅ ဖြင့် ၁-၁၂-၂၀၁၅ ရက်နေ့တွင် တရားရုံးသို့
ဦးတိုက်လျှောက်ထား၍ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago