သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Myanmar President Office
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက် ၉ နာရီကနေ ၉ နာရီ ၄၅ မိနစ်အထိ ၄၅မိနစ်ကြာ နေပြည်တော်သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။
ဒ့ါအပြင် နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိစေရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ ကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့တဲ့ အတွက် နိုင်ငံတော်သမ္မတကို ကျေးဇူးတင်ကြောင်းနဲ့ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်နိုင်ရန် သမ္မတကြီးက လိုအပ်သည့် ဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။
RFA