Headlines News :
Home » , » ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

Written By Live100 on Friday, December 4, 2015 | 8:59 AM

 
 ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးမှာ PSLF/TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တအာင်းလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉၈၇ က ကွင်းစလန်းကျေးရွာအနီး ဖြတ်သန်းသွားလာစဉ်မှာ အစိုးရတပ်မတော် တပ်မ ၇၇ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA က ဗိုလ်ကြီးတာအိုက်ကျော် က ပြောပါတယ်။
"ကွင်းစလန်းကျေးရွာ အထက်နားမှာ ကျနော်တို့အဖွဲ့က ဖြတ်သွားတဲ့အချိန်ကျတော့ အစိုးရတပ်ဖွဲ့နဲ့ ကျနော်တို့ရှိတဲ့တပ် တက်လာတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တာပေါ့၊ ကျနော်တို့တပ်ဖက်က ထိခိုက်မှုမရှိဘူး၊ အစိုးရဖက်က ထိခိုက်မှုရှိတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ရှမ်းပြည်နယ် ကွတ်ခိုင်၊ မန်တုံ၊ နမ့်စမ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲတွေ အကြိမ် ၂ဝ ခန့်ဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်ကြီးတာအိုက်ကျော်က ပြောပါတယ်။
TNLA အဖွဲ့ဟာ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတပ်တွေနဲ့လည်း နမ့်ဆန်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် PSLF/TLNA တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် ၊ AA ရခိုင်တပ်မတော် ၊MNDAA ကိုးကန့်တပ်မတော်တို့ကို မဖိတ်ကြားခဲ့ပါဘူး။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template