Headlines News :
Home » » မြိတ်တွင် ကလေးပျောက်/သတ်ဖြတ် ကောလဟလ ကျယ်ပြန့်လာ၍ သက်ဆိုင်ရာက လိုက်ရှင်းပြနေရ

မြိတ်တွင် ကလေးပျောက်/သတ်ဖြတ် ကောလဟလ ကျယ်ပြန့်လာ၍ သက်ဆိုင်ရာက လိုက်ရှင်းပြနေရ

Written By Live100 on Wednesday, December 2, 2015 | 7:02 PM


ကျွန်းစုမြို့နယ်ရှိ ပန်းဇင်ကျေးရွာအား တွေ့ရစဉ်
ဓာတ်ပုံ - ဇော်ဇော် / Dawei Watch
|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၁
မြိတ်ခရိုင် ကျွန်းစုမြို့နယ်နှင့် ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် လအတွင်းကစပြီး တစ်နေ့ထက် တစ်နေ့ ကျယ်ပြန့်လာသည့် ကလေးများ ပျောက်ဆုံး / သတ်ဖြတ်ခံရသည်ဟူသည့် ကောလဟလသတင်းများကြောင့် သက်ဆိုင်ရာက ဒေသခံများအား မစိုးရမ်ကြရန် လိုက်လံ ရှင်းပြနေရကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းမှသိရသည်။
ကျွန်းစုမြို့နယ်၊ ပင်လယ်ပိုင်းကျေးရွာများနှင့် ပုလောမြို့နယ်ရှိ ကျေးရွာတချို့တွင် ကလေးငယ်များကို အမည်မသိသူများက လိုက်လံ ဖမ်းဆီး၍ သတ်ဖြတ်/ ခိုးယူမှုတွေ ရှိနေသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေပြီး၊ အချို့ကျေးရွာများတွင်  ကလေးမိ/ဘများက စိုးရိမ်မှုမြှင့်တက်နေတာကြောင့် ကျွန်းစုမြို့နယ် ပင်လယ်ပိုင်းကျေးရွာ ၂၀ နီးပါးကို အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ပေးနေရကြောင်း ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ပြောသည်။
“ရွာတွေမှာတော့ အဲ့လိုပဲ ကောလဟလသတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ပြီး  ဖုန်းဆက် သတင်းမေးတာတွေတော့ ရှိပါတယ်” ဟု ဦးငြိမ်းထွေးက ဆိုသည်။
ကောလဟလ သတင်းများထွက်ပေါ်နေသော်လည်း ယခုအချိန်အထိ မြို့နယ်ရဲစခန်းသို့ ကလေးပျောက်ခြင်း၊ အမှုဖွင့် တိုင်ကြား ခြင်း မရှိသေးသည့်အတွက် မသမာသူတွေက မဟုတ်မမှန်သတင်းများကို လွှင့်နေခြင်းသာဖြစ်နိုင်ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရွာတွေမှာတော့ စိုးရိမ်မကင်း ဖြစ်နေတာတွေတော့ ရှိပါတယ်၊ ရွာသားတွေဖက်ကလည်း စိုးရိမ်လို့ လုံခြုံရေးတွေ ချထားတာ တွေတော့ ရှိပါတယ်၊ လက်ရှိအချိန်အထိ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမားပြဿနာမျိုးတော့ မရှိသေးဘူး”ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။
သတင်းမေး သတင်းပေးလာသည့် ကျေးရွာများသို့ သက်ဆိုင်ရာရဲ၊ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ သွားရောက် အသိပေး ပညာပေး ဟောပြောနေကြောင်း သိရသည်။
ပြည်သူများအများစု စိုးရိမ်ကြောက်လန့်မှုရှိနေသည့် ကောလဟလသတင်းများနှင့် ဆက်စပ်သည့် မှုခင်းဖြစ်စဉ်များနှင့် ပတ် သက်ပြီး ယနေ့အချိန်အထိ သက်ဆိုင်ရာ ရဲစခန်းများမှာ တိုင်/ကြား အမှုဖွင့် အရေးယူထားရခြင်းမျိုး မရှိသေးကြောင်း သက်ဆိုင်ရာရဲစခန်းများမှ သတင်းထုတ်ပြန်ပေးသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template