Headlines News :
Home » » လားရှိုးမြို့တွင် ရွာသားများကို လက်နက်ကိုင်အဖွဲ့က အဓမ္မခေါ်ဆောင်

လားရှိုးမြို့တွင် ရွာသားများကို လက်နက်ကိုင်အဖွဲ့က အဓမ္မခေါ်ဆောင်

Written By Live100 on Thursday, December 3, 2015 | 4:13 PM


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ ရွာသားတွေကို လက်နက်ကိုင်အဖွဲ့တဖွဲ့က အဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ အနောက်မြောက်ဘက် ၁၀ မိုင်အကွာ နမ္မတူသွားလမ်းမှာရှိတဲ့ ရွာပေါင်း ၅ ရွာလောက်က ရွာသားတွေကို လက်နက်ကိုင်အဖွဲ့က အဓမ္မခေါ်သွားတာလို့ အီနိုင်းကျေးရွာအုပ်စု ရပ်မိရပ်ဖ ဦးစိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“ပြီးခဲ့တဲ့ နိုဝင်ဘာ တန်ဆောင်မုန်းလပြည့်နေ့ကပေါ့၊ အီနိုင်းရွာမှာ ကချင်ကောက်သစ်စားပွဲ လုပ်နေတုန်း လက်နက်ကိုင်အဖွဲ့က ပွဲခင်းထဲကနေ အဓမ္မခေါ်သွားတာ၊ အဲဒီပွဲခင်းထဲမှာ လူ ၁၅ ယောက် ပါသွားတယ်။ ပြီးတော့ တာကျိုင်းဟောင်းရွာက ၁ ယောက်၊  တာကျိုင်းသစ်ရွာက ၂ ယောက်လည်း ခေါ်သွားတယ်။ ကချင်ရွာသစ်၊ လီရှောရွာ၊ ပန်ဟုန်း (လားဟူရွာ) နဲ့ ၁၅ မိုင်က လွယ်တွပ်ရွာထဲမှာလည်း ညအချိန် လူတွေအိပ်နေတာ အတင်းနှိုးပြီး ခေါ်သွားတယ်။ တချို့ရွာက ၃ ယောက်၊ တချို့ရွာက ၄ ယောက်၊ အဲလိုမျိုး ခေါ်သွားတယ်လို့ပြောတယ်။ မိန်းမတွေလည်း ပါတယ်၊ အတိအကျတော့ မသိရဘူး။”
လက်နက်ကိုင်အဖွဲ့က ခေါ်သွားတဲ့ လူတွေထဲမှာ ချင့်ကျိုင်းရွာက တရုတ်စာသင်တဲ့ အသက် ၁၈ နှစ်ရွယ် ဆရာမလေးတယောက်လည်းပါပြီး ရွာလူကြီးတွေက သွားရောက်တောင်းပန်တဲ့ အတွက်ကြောင့် မနေ့ညက ပြန်လွတ်လာပြီလို့ ဆိုပါတယ်။
ပန်ဟုန်းရွာက ရွာသား ၂ ဦးကတော့ အဖမ်းခံရပြီး နောက်တနေ့မှာ တောထဲကနေ ပြန်ထွက်ပြေးလာကြောင်း၊ သူတို့ ၂ ဦးဟာလည်း ရွာကိုမပြန်ရဲသေးဘဲ လားရှိုးဘက်ကို တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ကောင်းခါးပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားသွားလာလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template