Headlines News :
Home » » လက်ကျန် လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦး ပြန်ပို့

လက်ကျန် လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦး ပြန်ပို့

Written By Live100 on Wednesday, December 2, 2015 | 7:47 PM

အောက်တိုဘာ ၁၂ ရက်နေ့က လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၃ ဦးကို ပြန်ပို့စဉ်။ (ဓာတ်ပုံ - အမ်အိုအိုင်)

မြန်မာနိုင်ငံထဲ လှေစီးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေထဲက ကျန်ရှိသူ ၄၈ ဦးကို ဒီဇင်ဘာ ၂ ရက်က မောင်တောမြို့နယ် တောင်ပြို (လက်ဝဲ) မြို့ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းလိုက်ပါတယ်။
“ဒီနေ့ပြန်ပို့တာ ၄၈ ယောက်လို့ သိရတယ်။ လူကြီးတွေက အဲဒီကိုသွားတာ ပြန်မလာသေးဘူး။ လူကြီးတွေက အကုန်လုံး တောင်ပြိုသွားကြပါတယ်” လို့ မောင်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး တာဝန်ကျအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် ၂၀၀ လိုက်ပါလာတဲ့ လူမှောင်ခို လှေတစီးနဲ့ ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီ ၇၀၀ ကျော်ပါ လှေတစီး ဖမ်းမိခဲ့တာဖြစ်ပြီး ဇူလိုင်လမှာတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ စောင်းကောက်ကျွန်းမှာ ဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော်ရေက ဖမ်းဆီးမိခဲ့တာပါ။
အဆိုပါ ထိန်းသိမ်းထားသူတွေကို အသုတ်လိုက်ခွဲ နေရပ်ပြန်ပို့ပေးနေတာမှာ အခုတကြိမ်ဟာ ၇ ကြိမ်မြောက် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး  စုစုပေါင်း ၇၇၇ ဦးရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လက်ကျန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၇ ဦး ရှိခဲ့ပြီး အဲဒီထဲက ၄၈ ဦးကို ဒီကနေ့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template